🤍 အပိုင်း 43 🤍

3.9K 173 2
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 43 🤍

သူတို့ Underwater World ထဲမှာ ရှိနေတုန်းမှာပဲ မမသက်က မေ့လဲကျသွားတာမို့ အားလုံး စိုးရိမ်တကြီးဖြင့် နီးစပ်ရာဆေးရုံသို့ အမြန်ပို့ခဲ့ကြရသည်။

ဆေးရုံရောက်ပြီးပြီးချင်း ခဏအကြာမှာပဲဆရာ၀န်ရောက်လာ၏။

ဆရာ၀န်က အနမ်းတို့တွေရဲ့ မျက်နှာကိုကြည့်ကာ .....

"မဟုတ်မှ မြန်မာတွေများလားမသိဘူး....."

ဆရာ၀န်ကိုယ်တိုင်က မြန်မာဖြစ်နေတော့ ၀ဠာ ၀မ်းသာသွားရသည်။

"ဟုတ်ပါတယ်ဆရာ ..... ကျွန်တော်တို့တွေက မြန်မာပါ..... ဒီကို ခဏလာလည်ကြတုန်း Underwater World မှာ ကျွန်တော့်မိန်းမ မေ့လဲသွားလို့ပါ ...... "

ဆရာ၀န်က ၀ဠာ ပြောတာကို ခေါင်းငြိမ့်ကာ မမသက်အား စမ်းသပ်၏။

"အင်း ..... လူနာရဲ့ ခန္ဓာကိုယ်က တော်တော်လေးအားနည်းနေလို့ အခုလိုပင်ပန်းပြီး မေ့လဲသွားခဲ့ရတာပါ...... ဒါနဲ့စင်္ကာပူကို ဘယ်နေ့က ရောက်ကြတာလဲ....."

"မနေ့ညကပါဆရာ ....  ပြီးတော့ မနေ့ညကလဲ သူ လေယာဥ်မူးတဲ့ဒဏ်ကြောင့် တောက်လျှောက်အန်ခဲ့သေးတယ် ဆရာ..... "

"အဲ့တာဆို ဟုတ်တယ်...... ခန္ဓာကိုယ်က အားနည်းနေတဲ့အချိန် ခရီးပန်းသွားတဲ့ ဒဏ်ပါဖြစ်သွားတော့ အခုလိုမျိုး အားပြတ်ပြီး လဲကျသွားတာပါ...... ပြီးတော့ ကိုယ်၀န်လဲရှိနေတာဆိုတော့ အားပြန်ဖြစ်အောင် သေချာလေးတော့ ဂရုစိုက်ပေးသင့်တယ်......."

"ဗျာ..... ကိုယ်၀န်ဟုတ်လား ဆရာ....."

ဆရာ၀န်ဆီမှ ကိုယ်၀န်ရှိတယ်ဆိုတဲ့ စကားကြောင့် ၀ဠာသာမက ကျန်တဲ့သူတွေပါ အံသြသွားကြရသည်။ မေကလေးကတော့ ဘာမှနားမလည်တာမို့ လူကြီးတွေမျက်နှာကိုသာ မော့ပြီး လိုက်ကြည့်နေရှာသည်။

"ဪ ခင်ဗျားမိန်းမကိုယ်၀န်ရှိနေတာကို မသိသေးတာလား .....  "

"ဟုတ်ဆရာ ..... သူ့မှာ ကိုယ်၀န်ရှိနေမှန်း ကျွန်တော်တကယ်မသိခဲ့ဘူး....."

"ကိုယ်၀န်က အရမ်းလနုသေးလို့ သတိမထားမိတာနေမှာပါ......ဒါဆို လူနာသတိပြန်ရလာရင် ဒီက သားဖွားမီးယပ်ဌာနမှာ ultrasound ရိုက်ကြည့်လိုက်တာ ပိုကောင်းမယ်ထင်တယ်....."

ချစ်ခြင်းရိပ်မြုံWaar verhalen tot leven komen. Ontdek het nu