🤍 အပိုင်း 8 🤍

4.5K 218 4
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 8 🤍

"မမ မောင့်ကို တံခါးလေးပဲ ဖွင့်ပေးပါကွာ..... မမ "

"မင်းကို ပြန်တော့လို့ ငါပြောနေတယ်လေ မင်းမြတ်၀ဠာ .... "

"မပြန်ဘူးဗျာ..... မောင်ရှင်းပြပါရစေဦး
မမရယ် ..... မောင့်ကို ရှင်းပြခွင့်လေး ပေးပါ.... အရင်ဆုံး တံခါးလေးဖွင့်ပေးပါဗျာ....."

တံခါးကို ဆက်တိုက် တဒုံးဒုံးထုနေတာမို့ ဘေးပတ်၀န်းကျင်ကို ငဲ့ပြီး သက် တံခါးကို ဖွင့်ပေးလိုက်ရသည်။

အဲ့တော့မှ ပျက်ယွင်းနေတဲ့မျက်နှာနဲ့ မောင်က အိမ်ထဲအတင်း၀င်လာပြီး သူမအား လာဖက်သည်။

"ဘယ်လိုဖြစ်နေတာလဲ .... လူကိုလွှတ်စမ်းပါ..... "

"မလွှတ်ဘူး မမရာ .... မမ မောင့်ကို အထင်လွဲပြီးစိတ်ဆိုးနေတာ မောင်သိတယ်.... "

"လွှတ်လို့ပြောနေတယ်နော် မင်းမြတ်၀ဠာ.... "

"မေမေအခုလိုမျိုး ငြင်းလိမ့်မယ်လို့ မောင် တကယ် မသိခဲ့တာပါ မမရယ် ..... မေမေမောင့်ကိုပြောခဲ့တာ မောင်ခေါ်လာမယ့် ချစ်သူကို သူလက်ခံပေးမယ်လို့ ပြောခဲ့တာ.... ယုံပါ မမရယ် .... မောင်တကယ်ပြောတာပါ..... "

"မင်းအမေပြောခဲ့တဲ့ လက်ခံပေးမယ်ဆိုတာ မင်းနဲ့ရွယ်တူ ကောင်မလေးတစ်ယောက်ကိုပြောတာနေမှာပေါ့ ......

ငါ့လို မင်းထက် 7 နှစ်လောက်ကြီးတဲ့ မိန်းမတစ်ယောက်ကိုတော့ သူ ဘယ်လိုလုပ်သဘောတူနိုင်မှာလဲ.... "

"ဒါပေမဲ့ ကျွန်တော်က မမကိုပဲ ချစ်တာလေ.... "

"စကားကို ဖြတ်မပြောနဲ့ ..... ငါပြောတဲ့စကားမပြီးသေးဘူး မင်းမြတ်၀ဠာ..... မင်းသိထားဖို့က သက်အိန္ဒြေခင်ဆိုတဲ့ မိန်းမက တစ်ကောင်ကြွက်တစ်မျက်နှာဆိုပေမယ့် အခုချိန်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာခဲ့တာ.... ဘယ်သူ့ကိုမှ အောက်ကျခံလာခဲ့တာမဟုတ်ဘူး.....

မင်းအမေက သဘောမတူဘူးလို့ အပြတ်ပြောထားပြီးပြီဆိုတော့ ငါ့ဘက်ကလဲ ကျေးဇူးပြုပြီး အန်တီ့သားကို ကျွန်မနဲ့ သဘောတူပေးပါဆိုပြီး ဖက်တွယ်ထားမှာ မဟုတ်ဘူး ..... အဲ့တော့ ငါတို့တွေ.... "

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now