🤍 အပိုင်း 21 🤍

4.4K 223 11
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part -21 🤍

နေ သူမနဲ့ ဆိုင်က ၀န်ထမ်းကောင်မလေးတွေစားဖို့အတွက် 77 က ကိတ်လေး၀ယ်ပြီးမှ သူမ ဆိုင်ဆီသို့ ရောက်လာသည်။

သူ ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲမှ အိတုံဆိုသည့် ကောင်မလေးက သူ့ကို မြင်သွားပြီး ......

"ဟယ် ဒါရိုက်တာကြီး.... ဆိုင်ကို ရောက်လာတယ် ..... "

"အထဲမှာ မှုန်ရှိတယ်မလား အိတုံ .... "

"ဟုတ်မမအထဲမှာရှိတယ် ဒါရိုက်တာကြီး ..... "

"ရော့ ဒါ မှုန်နဲ့ အိတုံတို့တွေ စားဖို့ 77 က Cheese ကိတ် ..... မှုန်အတွက် တစ်စိတ်ကို တစ်ပန်းကန် သပ်သပ် ဖယ်ပြီး ကျန်တာအိတုံတို့ ခွဲစားလိုက်ကြနော်...... "

"ဟုတ် ဒါရိုက်တာကြီး ကျေးဇူးအများကြီးတင်ပါတယ်နော်...... "

နေ ကိတ်မုန့်ဘူးကို အိတုံလက်ထဲထည့်ခဲ့ပြီး သူမရှိရာသို့ လျှောက်လာခဲ့သည်။

မှုန်က သူ့ကို မြင်တာနဲ့ .......

"ရှင် ဘယ်ကနေ ဘယ်လို ရောက်ချလာတာလဲ .....  "

"ဒီအတိုင်း မှုန်ဆီပဲ တမင်၀င်လာတာ.....
ဒီနေ့ ကိုယ်ရှူတင်မရှိဘူးလေ ...... ညက အဖြစ်ကိုလဲ တောင်းပန်ချင်လို့ ....... "

"ညကအဖြစ် ..... ဘာအတွက် တောင်းပန်မှာလဲ .... "

စိတ်ဆိုးနေတာကို စိတ်မဆိုးချင်ယောင်ဆောင်ပြီး သူ့ကို မေးခွန်းပြန်ထုတ်လာတဲ့ မှုန်ကိုကြည့်ပြီး နေ ပြုံးလိုက်မိသည်။

မင်းသမီးများစွာရဲ့ acting ပေါင်း မြောက်မြားစွာကို အလွတ်ရလာတဲ့ လူငယ် ဒါရိုက်တာတစ်ယောက်မို့ မှုန်
ဘာဖြစ်နေလဲဆိုတာ နေ သိသည်။

အခု မှုန်က သူ့အား တစ်ယောက်ထဲကျိတ်ပြီး စိတ်ကောက်နေတာကို မထင်မှတ်ထားဘဲ သူလာချော့တာခံလိုက်ရတော့ အံ့သြသွားတာ ဖြစ်သည်။

"ညက ကိုယ်အများကြီးသောက်လာပြီး အိမ်ပြန်လဲ နောက်ကျသွားတယ်လေ ..... အဲ့တာကြောင့် မှုန် ကိုယ့်ကို စိတ်ဆိုးနေတယ်မလား ...... "

"မဆိုးပါဘူး ..... ဘယ်သူက ဆိုးတယ်ပြောလို့လဲ ..... "

သူ့အား အမှန်တကယ် စိတ်ဆိုးနေတာကို အခုချိန်ထိ ဘာမှမဖြစ်သလိုမျိုး ပုံစံဖြင့်ဟန်ဆောင်ကာ စိတ်မဆိုးပါဘူးဟု ထပ်ပြီး ပြောလာသည့် ကောင်မလေးကို ကြည့်ပြီး နေ အသည်းယားစွာဖြင့် ရယ်လိုက်မိသည်။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now