🤍 အပိုင်း 23 🤍

5.2K 275 11
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 23 🤍

သူနဲ့ ဧကရီဇော်ရဲ့ ကိစ္စကို ဒယ်ဒီက အေဂျင်စီနဲ့ စကားပြောပြီး ဖြေရှင်းလိုက်နိုင်လို့သာ တော်တော့သည်။

ပရိတ်သက်တွေကိုတော့ သူနဲ့ ဧကရီဇော်ဟာ သာမန်ရိုးရိုးသားသား သူငယ်ချင်းတွေပါ ...... အဲ့နေ့ညကလဲ ရုပ်ရှင်ကိစ္စနဲ့ တွေ့ကြတာပါ ..... မိသားစုချင်းတွေ့ဆုံပွဲလို့ အသိပေးလိုက်တော့ ပရိတ်သက်တွေက ​ကျေနပ်လက်ခံသွား၏။

ဧကရီဇော်တို့ ဘက်ကိုတော့ ပရိတ်သက်တွေကို ဒီလိုဖြေရှင်းမှရမယ်ဆိုပြီး အကြောင်းပြလိုက်တော့ ဧကရီဇော်တို့ဘက်ကလဲ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တာမို့ နှစ်ဖက်လုံး အဆင်ပြေသွားသည်။

ပြဿနာတွေအားလုံးဖြေရှင်းအပြီး ဘန်ကောက်မှာလဲ ရိုက်ကူးရေးတွေအကုန်ပြီးသွားပြီမို့ မနက်ဖြန်ဆို ခွင်း ရန်ကုန်ပြန်ရတော့မည်။

အားလုံးအမြင်မှာရော ဒယ်ဒီအမြင်မှာရော ပြဿနာတွေ ဖြေရှင်းပြီးသွားပေမယ့် ခွင်းမှာ အခုချိန်ထိ ဖြေရှင်းရမည့် ကိစ္စတစ်ခု ကျန်နေသေးသည်။

ရန်ကုန်ပြန်ရောက်လို့ တိုက်ခန်းဆီကို ရောက်ရင် အနမ်းကို ကိစ္စတွေအားလုံး နား၀င်အောင် သေချာပြောပြရဦးမည်။

တွေးရုံနဲ့တင် စိတ်ညစ်စရာ ကိစ္စတွေချည်းမို့ ခွင်း ကြိုပြီး မတွေးချင်တော့ဘဲ မျက်လုံးတွေကို မှိတ်ကာ အိပ်ဖို့ပဲကြိုးစားလိုက်သည်။

•°*     •°*     •°*      •°*      •°*    •°*

နောက်တစ်နေ့ နေ့လယ်မှာ ခွင်း ရန်ကုန်ကို ပြန်ရောက်ပြီး ရောက်ရောက်ချင်း အေဂျင်စီကို အရင်၀င်နေရသေးတာမို့
ချစ်ခြင်းရိပ်မြုံ ကွန်ဒိုဆီပြန်ရောက်တော့ ညနေစောင်းနေပြီ ဖြစ်သည်။

ခွင်း လျှို့၀ှက်နံပါတ်ကို ရိုက်ထည့်ကာ
တံခါးဖွင့်လိုက်ပြီး အိမ်ထဲ၀င်လိုက်တော့
တစ်အိမ်လုံးက လူရိပ်လူယောင်မမြင်ရဘဲ တိတ်ဆိတ်နေသည်။

အရင်လို သူအလုပ်ကနေပြန်ရောက်တိုင်း အအေးခွက်လေးကိုင်ပြီး ဆီးကြိုနေတတ်တဲ့ အရိပ်ကလေးကိုလဲ ဒီနေ့မတွေ့ရပါ။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now