🤍 အပိုင်း 10 🤍

4.4K 210 7
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 10 🤍

"အခန်း၀ယ်တာကတော့ မင်းကတ်ထဲကပဲ သုံးလိုက်တယ် ...... အခန်းပြင်တာကတော့ ငါနဲ့ ကိုနေ ပေါင်းပြီး မင်းကို လက်ဖွဲ့ပေးလိုက်တာ ...... "

"ဟဲဟဲ ကျေးဇူးတင်ပါတယ်ကွာ ခွင်းရာ ...... တိုက်ခန်းကြီးကတော့ ရှယ်ပဲ .... မမနဲ့ ငါနဲ့ နှစ်ယောက်ထဲနေရမှာတောင် ကြီးနေသလိုပဲ ....."

"မင်းတို့က နှစ်ယောက်ထဲပဲတောက်လျှောက်နေသွားတော့မှာမို့လို့လား..... "

"ဘာလို့ နှစ်ယောက်ထဲပဲ တောက်လျှောက်နေသွားရမှာလဲ.... ကလေးတော့ ယူဦးမှာပေါ့ကွ...... "

"မောင်နော် ..... "

မောင့် သူငယ်ချင်းရှေ့မှာမို့ သက် မောင့်ခါးကို လိမ်ဆွဲလိုက်ရသည်။

"အေးလေ .....  အဲ့တာဆို ဘာလို့ ကြီးတယ်လေး ဘာလေးနဲ့ ညည်းနေသေးလဲ ...."

"မင်းဆိုတဲ့ကောင်ကလဲနော် ဒီအတိုင်းလေးပြောတာကိုတောင် သေးသေးတင် မခံဘူး ...... ဘာပဲဖြစ်ဖြစ် မင်းနဲ့ ကိုနေ ရှိနေလို့သာ အကုန်အဆင်ပြေတာ ..... ငါနဲ့ မမ ၂ယောက်ထဲဆို ပတ်လည်တွေ ရိုက်နေရမှာ ..... "

"ကျေးဇူးအများကြီးတင်ပါတယ်နော်မောင်လေး ...... "

"ရပါတယ်အစ်မ ..... ကျွန်တော်က ကပ်ရပ်အခန်းမှာ နေတာဆိုတော့ တစ်ခုခု အကူအညီလိုရင် ကျွန်တော့်ကို ​ပြောလို့ရပါတယ်......"

မောင့်သူငယ်ချင်းဖြစ်သူခွင်းကို သက် ပြုံးပြလိုက်ပြီး .....

"ဒါဆို မောင်တို့ သူငယ်ချင်းတွေ အေးဆေး စကားပြောကြဦးလေ ..... မမ
ညစာအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ဦးမယ် ....... "

"မောင် ခွင်းနဲ့ ခဏစကားပြောပြီးရင် လာကူမယ်နော် မမ .... "

"အွန်းမောင် "

သူ့မိန်းမ နောက်ဖေးမီးဖိုချောင်ထဲ၀င်သွားတဲ့အထိ လည်ပြန်လိုက်ကြည့်နေသော ၀ဠာကို ခွင်း အမြင်ကတ်ကတ်နဲ့ အနားမှာ ရှိနေသော ဂျာနယ်ကို လိပ်ကာ ခေါင်းကိုရိုက်လိုက်သည် ။

"ဟ..... နာတယ်ကွ ဟေ့ကောင်ရ.... "

"ကိုယ့်မိန်းမကိုယ် အဲ့လောက်ထိ ငမ်းကြောထစရာလား ..... "

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now