🤍 အပိုင်း 3 🤍

4.5K 227 3
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 3 🤍

မှုန် ဆိုင်မှာထိုင်ရင်း စာရင်းတွေ လုပ်နေတုန်း ဆိုင်ကကောင်မလေးတွေ စုရုံးပြီး တခိခိ တဟိဟိ ဖြစ်နေကြတာမို့ ဘာဖြစ်နေကြတာလဲဆိုတာကို ခေါင်းထောင်ပြီး စပ်စုကြည့်လိုက်မိသည်။

"အိတုံ .... "

"ရှင် မမ .... "

"နင်တို့တွေစုပြီး ဘာဖြစ်နေကြတာ
လဲ ....ဆိုင်ရှေ့မှာ ဘာရှိလို့လဲ "

"ဟိုဟာ ရုပ်ရှင်လာရိုက်နေကြတာမမ ....
ဆိုင်ရှေ့မှာတော့ မဟုတ်ဘူး .... စက်လှေကားနားမှာ ....အဲ့တာကြောင့် အိတုံတို့ စပ်စုနေကြတာ ဟီး .... "

"မင်းသား မင်းသမီးတွေက ဘယ်သူတွေမို့လို့လဲ..... "

"မင်းသား မင်းသမီးတွေက ဘယ်သူလဲတော့ မသိဘူး မမ .... လူတွေ ၀ိုင်းကြည့်နေကြတာဆိုတော့ အိတုံတို့မမြင်ရဘူး.... ဒါရိုက်တာကတော့ နေရှင်းသန့် မမ ..... "

နေရှင်းသန့်ဆိုတာနဲ့ သည်းသည်းလှုပ်နေကြတဲ့ ဆိုင်မှကောင်မလေးတွေကို ကြည့်ပြီး မှုန် နှာခေါင်းရှုံ့လိုက်မိသည်။

အခုလဲ မင်းသား မင်းသမီး ဘယ်သူဆိုတာကို စိတ်မ၀င်စားနိုင်ဘဲ ဒါရိုက်တာမှ ဒါရိုက်တာ ဖြစ်နေကြသည်။

သူမ အခုအထည်ဆိုင်လေးက ပလာဇာမှာမို့  ရုပ်ရှင်လာရိုက်သည်ဆိုတော့ မင်းသားမင်းသမီး shopping ထွက်တဲ့ အခန်းမျိုးပဲဖြစ်မှာပါ။

****

ဒီနေ့က Plaza လို Public နေရာမျိုးမှာ ရိုက်ကူးရေး လုပ်ရတာမို့ ပရိတ်သက်တွေက ၀ိုင်းအုံပြီးကြည့်နေကြသည်။

ရိုက်ကူးရေး တစ်ဖြတ်ပြီးသွားတဲ့အခါ
နေ အိတ်ကပ်ထဲမှ ဖုန်းက မြည်လာသည်။ထုတ်ပြီး ကြည့်လိုက်တော့
မာမီ။

ဟူး.... ဟိုတစ်ယောက်နဲ့ ဘာတွေလုပ်ခိုင်းဦးမလို့လဲ မသိဘူး။

"ဟဲလိုမာမီ .... "

"သား မင်းအခု ရိုက်ကူးရေးက (.....) ပလာဇာမှာမလား .... "

"ဟုတ်တယ်လေ မာမီ .... "

"အေး အဲ့မှာ သမီးမှုန်ရဲ့ အထည်ဆိုင်ရှိတယ်သားရဲ့ ..... နာမည်က Dimple Clothing တဲ့ .... မင်း ရိုက်ကူးရေး ပြီးသွားရင် သမီးဆီကို ခဏလောက်၀င်လိုက်ဦးနော် ..... မာမီ မှာထားတဲ့ ပိုးချိတ်တွေ သမီးဆီမှာရနေပြီဆိုလို့ မင်းတစ်ခါထဲ ၀င်ယူလာခဲ့ .....  "

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now