🤍 အပိုင်း 19 🤍

4.9K 245 4
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part-19 🤍

3 လခန့်ကြာသော် ~

ဒီနေ့က မမ နဲ့ သမီးလေးဆီကို သွားရမှာမို့ ၀ဠာ အစောကြီးထဲကနိုးပြီး ပြင်ဆင်နေမိသည်။

အိပ်ရာပေါ်မှာရှိနေသည့် မနေ့ညနေထဲက သမီးအတွက် ၀ယ်ထားသည့် အရုပ်လေးနှစ်ရုပ်ကို ကြည့်ပြီး ၀ဠာ ပြုံးလိုက်မိသည်။

အခုအခြေအနေက မမက အရင်ကနေခဲ့တဲ့ တိုက်ခန်းမှာ သမီးလေးနဲ့ ပြန်သွားနေတာဖြစ်သည်။

ကွာရှင်းဖို့ကိစ္စကတော့ သူ့ဘက်က လုံး၀မကွာရှင်းပေးနိုင်ဘူးဟု ပြောထားသောကြောင့် အချိန်ရွှေ့ထားရတာ သမီးလေးပင် ရက် 100 ပြည့်တော့မည်။

မကွာရှင်းရသေးပေမယ့်လဲ မမ စိတ်ချမ်းသာဖို့အတွက် မမသဘောအတိုင်း ခွဲနေဖို့ကို ၀ဠာ လက်ခံလိုက်တာ ဖြစ်သည်။

မမနဲ့ သူ့ရဲ့ အခြေအနေကတော့ အခုချိန်မှာ သူ့ဘက်က အရင်လို မမ သူ့အပေါ်ပြန်ချစ်လာအောင် နောက်တစ်ကြိမ် အသည်းအသန် ကြိုးစားနေရသည့် အနေအထားဖြစ်သည်။

ဒါပေမဲ့လဲ မမက သမီးနဲ့ သူ့ကို တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်တော့ ပေးတွေ့တာမို့ ၀ဠာဖြေသာရပါသည်။

၀ဠာ ပြင်ဆင်လို့ ပြီးသွားတော့ သမီးအတွက်၀ယ်ထားသည့် အရုပ်လေး နှစ်ရုပ်ကို ယူပြီး အိမ်မှထွက်လာခဲ့သည်။

လမ်းမှာ မနက်စာကို အရင်၀ယ်ပြီးမှ မမတို့တိုက်ခန်းဘက်သို့ ထွက်လာခဲ့သည်။

တိုက်ခန်းရှေ့ရောက်တော့ ကားကို ပါကင်ထိုးလိုက်ပြီး သူ အပေါ်ထပ်သို့ တက်လာခဲ့သည်။လူခေါ် ဘဲလ်ကို မနှိပ်ခင်မှာ ၀ဠာ အသက်ကို ရှူထုတ်လိုက်သည်။

ခံစားချက်က ချစ်သူဘ၀ရောက်အောင်
သူ မမကို ပိုးပန်းခဲ့ရတဲ့ အချိန်တွေလိုပင်။

၀ဠာ ဘဲလ်လေးကို နှိပ်ပြီးမကြာခင်မှာပဲ
မမက တံခါးလာဖွင့်ပေးသည်။

မမက တီရှပ်အဖြူလေးနဲ့ ဆံပင်တွေကို ဖြစ်သလိုစည်းထားတာမို့ ဆံပင်တွေကမျက်နှာပေါ် ကပိုကရိုလေး ၀ဲကျနေသည်။

၀ဠာ မမကို ပြုံးပြလိုက်ပေမယ့် မမက ပြန်မ​ပြုံးဘဲ သူ့ကိုတစ်ချက်ကြည့်ကာ
သော့ကိုဖွင့်ပေးသည်။

ချစ်ခြင်းရိပ်မြုံWo Geschichten leben. Entdecke jetzt