🤍 အပိုင်း 39 🤍

4.4K 225 3
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 39 🤍

ညက တစ်ညလုံး ခွင်းရဲ့ ဒဏ်ရာကိုထိမှာဆိုးလို့ တုပ်တုပ်တောင်မလှုပ်ရဲဘဲ အနမ်းမှာ အိပ်ခဲ့ရသည်။ မနက်နိုးလာတော့ လှုပ်မရပြုမရနဲ့ အိပ်ခဲ့ရတာမို့ ကိုယ်လက်တွေကကိုက်ခဲနေ၏။ ဒဏ်ရာနဲ့ လူကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတုန်းပင်။

သူအိပ်နေမှန်းသိပေမယ့်လဲ အနမ်း မျက်စောင်းလေးတစ်ချက်ရွယ်လိုက်ရင်း ဆေးရုံခုတင်ပေါ်မှ ဆင်းလိုက်သည်။

အနမ်းလုပ်စရာရှိတာတွေ လုပ်ပြီးသွားတော့ ခွင်းကနိုးနေလေပြီ။ ခွင်းက သူ့ဟာသူ မျက်နှာသစ်ချင်တယ်ပြောတာမို့ အနမ်း ခွင်းကို ဘေးကနေပဲ ကူပေးရ၏။

မျက်နှာသစ် မနက်စာစားပြီးနောက် ခွင်းကို အင်္ကျီလဲပေးပြီး ကြယ်သီးလေးတွေ တပ်ပေးနေတုန်းမှာ ခွင်းက သူမ မျက်နှာကို စိုက်ကြည့်နေတာကြောင့် အနမ်း မနေတတ်တော့ဘဲ......

"ဘာလို့ ငါ့မျက်နှာကိုစိုက်ကြည့်နေတာလဲ...... "

"နင်က ငါ့ကို အင်္ကျီ၀တ်ပေးနေတော့
ငါ့မှာ ကြည့်စရာဆိုလို့ နင်ပဲရှိတာလေ.... အဲ့တော့ နင့်ကိုပဲ ကြည့်နေရတာပေါ့ ..."

"ရောအဲ့မှာ..... ငါ့ကို မကြည့်ဘဲ အဲ့မျက်နှာကျက်ကြီးကို မော့ကြည့်နေလိုက်....."

အနမ်း ခွင်းရဲ့ မျက်နှာကို မေးစေ့ကနေကိုင်ပြီး မော့ခိုင်းလိုက်တော့ ခွင်းက ခပ်ဖွဖွရယ်သည်။

"အနမ်း......"

"ဟင်......"

"ငါလုံး၀နေပြန်ကောင်းသွားရင် နင့်မိဘတွေဆီမှာ သေချာပြန်တောင်းပန်မယ်သိလား...... မနေ့က ဒယ်ဒီကလဲ ငါ့ကို အဲ့ကိစ္စပြောသွားတယ်...... ငါနဲ့ နင့်မိဘတွေ အထူးသဖြင့် နင့်အမေနဲ့ အဆင်မပြေခဲ့တဲ့ကြားမှာ နင်က မြေစာပင်လိုမျိုး ခံစားခဲ့ရတာတွေအားလုံးအတွက် ငါတောင်းပန်ပါတယ် ...... 

နောက်ထပ် နင့်အမေနဲ့ ငါ့ကြားမှာ ဘာပြဿနာမှ မဖြစ်ရအောင်
ငါ့ဘက်က အတတ်နိုင်ဆုံး ကြိုးစားပြီး သည်းခံသွားပါ့မယ်လို့ ကတိပေးပါတယ်......."

"မေမေက နင့်ကို ရက်ရက်စက်စက်တွေ ထပ်ပြီးပြောရင်ရော......"

"ပြောတော့လဲ ခံရမှာပေါ့ အနမ်းရယ် ..... ငါကလဲ အဲ့လို ရက်ရက်စက်စက်အပြောခံရအောင် လုပ်ခဲ့တဲ့ ကောင်ပဲဟာကို ...... ဒါပေမဲ့ ငါ့အတွက်က အဆင်ပြေပါတယ်......

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now