🤍 အပိုင်း 7 🤍

4.1K 214 10
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part-7 🤍

"ဘယ်လို!!!!! အဲ့တော့ နင်က ဒါရိုက်တာ နေရှင်းသန့်နဲ့ လက်ထပ်ရတော့မယ်လို့ ပြောတာလား ..... "

"ဟဲ့ တိုးတိုးပြောပါ ငယ်ငယ်ရယ် ..... လူတွေ ၀ိုင်းကြည့်ကုန်ကြပြီ .... "

"ငါက အရမ်းတွေ အံ့သြသွားလို့ပါဟယ်.... မှုန်ရယ် နင်နေနိုင်လိုက်တာ ....
ဒီလောက်သတင်းကြီးတာကြီးကို အခုမှ ငါ့ကို ပြောပြရလား ...... "

"ငါမှ သူနဲ့လက်မထပ်ချင်တာ .... အဲ့တော့ မေမေစီစဥ်နေတဲ့ကြားက မရရအောင် ပတ်ပြေးနေတာ ..... အခုတော့ မေမေက အတင်း အကျပ်ကိုင်ပြီး ဒင်းနဲ့ လက်မထပ်ရင် သူ့အမွေတွေ အကုန်လှူပစ်မယ်တဲ့လေ ..... ငါ့ကို တစ်ပြားတစ်ချပ်တောင် မပေးနိုင်ဘူးတဲ့ ...... "

သူမ စကားကို ကြားတော့ ငယ်ငယ်က သဘောကျစွာဖြင့် လက်ခုပ်လက်၀ါးတီးကာ တဟားဟား အော်ရယ်သည်။

"အန်တီက နင့်ကို အပိုင်ကွက်နဲ့ လုံး၀ ချုပ်လိုက်တာပဲ ..... ဒါပေမဲ့ နင်ကလဲဟယ် ဘာနစ်နာစရာရှိလို့လဲ ..... နေရှင်းသန့် ဆိုတာ အခုခေတ် နှုတ်ခမ်းနီမလေးတွေကြားထဲမှာ မင်းသားတွေထက်တောင် နာမည်ကြီးရေပန်းစားနေတဲ့ ဒါရိုက်တာနော်.....

ငါ ကြားဖူးတာတော့ မင်းသမီးတွေဆိုတာလဲ ဒါရိုက်တာက သူဆိုတာသိတာနဲ့ ကားကို ဘယ်လိုဇာတ်မျိုး ဖြစ်ဖြစ် ချက်ချင်း လက်ခံပစ်တာပဲတဲ့ .....

အဲ့လောက်နာမည်ကြီးတဲ့သူကို နင်မို့ မယူချင်လို့ ပတ်ပြေးနေရတယ်တဲ့ မှုန်ရယ် ..... ငါအံ့သြလိုက်တာ ....."

"အဲ့လောက်နာမည်ကြီးနေလို့ပဲ ငါက မယူချင်တာပေါ့ ငယ်ငယ်ရဲ့ ..... နင်သိတဲ့အတိုင်း သူ့အလုပ်က မိန်းမပေါင်း သောင်းခြောက်ထောင်နဲ့ ..... ငါနဲ့ ယူပြီးသွားရင်လဲ အဲ့မိန်းမတွေနဲ့ ဇာတ်လမ်းက ရှိဦးမှာ ..... ငါက ကိုယ့်အလုပ်ကိုယ် အေးအေးဆေးဆေးလေးလုပ်ချင်တာ .... တခြား ဘာအာရုံမှ အနောက်မခံနိုင်ဘူး.... "

"ဪ လက်စသတ်တော့ ငါ့သူငယ်ချင်းက မယူရသေးတဲ့ ယောကျာ်းကို ကျိတ်ပြီး သ၀န်တွေတိုနေတာပဲ ....."

"ငယ်ငယ်နော် .... နင် စကားပြောရင်း ထဖောက်မလာနဲ့ .... ငါက ဘာကိစ္စသူ့ကို သ၀န်တိုရမှာလဲ ..... အဝေးကြီးမှ အဝေးကြီး တကယ်အနေသာကြီးနော် ...... သူနဲ့ငါ သဘောတူထားတယ် လက်ထပ်ပြီးသွားရင်လဲ သူလဲ သူ့အလုပ်သူလုပ်....ငါလဲ ငါ့စီးပွားရေးကိုငါ ဇောက်ချလုပ်သွားမှာ ..... "

ချစ်ခြင်းရိပ်မြုံDove le storie prendono vita. Scoprilo ora