🤍 အပိုင်း 24 🤍

4.7K 273 19
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part -24 🤍

သမီးလေး ကိုယ်ပူနေတာမို့ သက် ဆေးတိုက်ဖို့လုပ်တော့ သမီးဖျားရင်သောက်နေကျ ဆေးက အိမ်မှာကုန်နေသည်။

အဲ့တာနဲ့ သမီးလေးကို အနွေးထည်လေး၀တ်ပေးကာ ပွေ့ချီပြီး တစ်လမ်းကျော်မှ ဆေးဆိုင်မှာ ဆေး၀ယ်ရန် သက်အိမ်မှ ထွက်လာခဲ့လိုက်သည်။

ဆေးဆိုင်ဆီရောက်တော့ ရှေ့မှာတန်းစီပြီး၀ယ်နေတဲ့ သူတွေရှိတာမို့ နောက်မှာ ခဏရပ်စောင့်နေတုန်း ကားအနက်ရောင်တစ်စီးက သူမဘေးမှ မောင်းထွက်ကာ ဆေးဆိုင်နှင့် မျက်နှာချင်းဆိုင်တိုက်ရဲ့ ခြံထဲသို့ မောင်း၀င်သွားသည်။

ဒီလိုကားမျိုးကို သက် ကောင်းကောင်းကြီး မြင်ဖူးနေပါတယ်...... ဘယ်မှာ မြင်ဖူးတာပါလိမ့် .......

သက်တွေးနေတုန်းမှာပဲ သက်ဘေးနားက မိန်းမ၂ယောက်ဆီမှ အသံထွက်လာသည်။

"ဟဲ့ ခုဏက ကားအနက်ရောင်ကလေ ဘယ်သူကားလဲ နင်သိလား ...... "

"ဘယ်သိမှာလဲဟဲ့......"

"အဲ့တာ ဒါရိုက်တာနေရှင်းသန့်ရဲ့ကားဟဲ့ ..... "

"ဟယ် ဟုတ်လား ....  အဲ့ဒီအိမ်မှာက ကောင်မလေးတစ်ယောက်ရယ် သူ့အလုပ်သမားတွေရယ်ပဲ ရှိတာလေ.....  ဒါရိုက်တာ နေရှင်းသန့်က အိမ်ထောင်ကျပြီးပြီမလား....ဒီကို ဘာလာလာလုပ်တာလဲ....."

"အဲ့တာတော့ မသိဘူး မျိုးမျိုးရယ်..... အဲ့အိမ်ကြီးထဲ ခဏခဏတော့ ၀င်သွားတာပဲ...... အဲ့က ကောင်မလေးနဲ့ ဇာတ်လမ်းတွေနေမှာပေါ့ဟယ်...... အခုခေတ်က
အိမ်ထောင်ရှိလဲ လွယ်လွယ်ကူကူ ဖောက်ပြန်နေကြတာပဲ ဟာကို....."

"အဲ့လိုကြီးတော့ မကောင်းပါဘူးဟယ် ...... ငါ့သမီးက သူ့ကိုဆို အရမ်းကြိုက်တာ ...... သူရိုက်တဲ့ ကားတိုင်းကို မလွတ်တမ်းကြည့်တာ ....... "

ဘေးမှ မိန်းမ၂ယောက်ပြောတာတွေကို သက်ကြားပြီး မှုန် မျက်နှာလေး မြင်ယောင်ကာ သက်ပြင်းချလိုက်မိသည်။

သမီးအတွက်ဆေး၀ယ်ပြီး အိမ်ပြန်ရောက်တော့ သမီးကို ဖြည့်စွက်စာလေးအရင်ကျွေးကာ ဆေးလေးတိုက်ပြီးမှ သိပ်လိုက်သည်။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now