Chapter 7(Unicode+Zawgyi)

Comenzar desde el principio
                                    

'ခ...ခဘာပြောလိုက်တာ...??'

'ခကိုလာခေါမှာမလားလို့..??'

'ဟီး...YESS>>>>>>>ဒါဘဲကွ...ခ...မောင်ခအိမ်နားမှာသိလား...??'

'ဟမ်....အိမ်..အိမ်နားမှာ....??'

'ဝရံတာထွက်ကြည့်လိုက်လေ...ခ..'

သူပြောသလိုကျွန်တော်ဖုန်းကိုင်ရက်သားနဲ့ဝရံတာကိုထွက်ကြည့်မိတော့...မောင်..

ဟုတ်ပါတယ်...သူဟာ ခတို့အိမ်နဲ့မျက်စောင်းထိုးကာလက်ဖက်ရည်ဆိုင်မှာ ဒူးလေးတနံ့နံ့နဲ့ထိုင်နေခြင်း...

'မောင်.....'

'ဟိ..ပြောပါဗျ...'

'မောင်ပြောတော့ခကိုလာခေါမလို့ပြင်နေတာဆို....'

'အင်းလေ...ခကိုလာခေါဖို့အခုဘဲထွက်လာမလို့လေ..ဟဲဟဲ....'

'အဲ့လာခေါဖို့ပြင်နေတဲ့လူကဘာလို့ခအိမ်နားထိရောက်နေတာလဲ...???'

'အင်းလေ...'

'ဘာကိုအင်းလေလဲ..မောင်နော်....'

'မောင်ခကိုအမှန်တိုင်းပြောတာဘဲလေ...'

'ဘာကိုအမှန်တိုင်းလဲ...မောင်စောစောနကပြောနေတဲ့ပုံအရဆိုရင် မောင်က အိမ်မှာရှိနေရမှာမဟုတ်ဘူးလား...???'

'စိတ်လောနေလို့ပါခရာ...ဘာလို့လဲမသိဘူးခရာ...မောင့်စိတ်ကလေ အမြဲတမ်းခစီဘဲရောက်ရောက်နေတာ..မောင်တောင်သတိမထားမိဘဲမောင့်ကိုယ်က ဝှစ်ခနဲဆိုပြီး ခစီကိုရောက်ရောက်လာနေတော့တာ..ဟဲဟဲ..အဲ့တာကြောင့်...'

'ဘာကိုလာပြောင်နေတာလဲ...နေစမ်းပါဦးစောစောနက...မင်း..မင်းငိုပြနေတာလည်း..အကြံအဖန်ပေါ့..ဟုတ်လား.....'

'ဟီး...အကြံအဖန်တော့မဟုတ်ပါဘူး...တကယ်ကိုငိုတာပါနော်..မရှိရှိသမျှအားကုန်သုံးပြီး မောင့်မှာခသနားအောင်သရုပ်ဆောင်ပြရတာလွယ်တယ်လို့ထင်သလားဗျ....'

'တတ်လည်းတတ်နိုင်တယ်နော်.....ဟင်း...ငါကိုကလည်းမင်းကိုသနားမိတာ.....သွား..မလိုက်ဘူး....ဟွန်း....'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Donde viven las historias. Descúbrelo ahora