Chapter 5(Unicode+Zawgyi)

Start from the beginning
                                    

တစ်ယောက်တည်းမိတ္တူကူးနေရင်းပေါက်ကွဲနေစဥ◌်  အနောက်ကဘယ်အချိန်တည်းကမသိရောက်နေသောမမကြောင့်လူကလန့်သွားရတာပေါ့..

'အမလေး...ဘုရားရေ...မမမေ...ဘယ်တုန်းက..အဲ...ရောက်တာလဲ...??အသံလည်းမပေးဘူးရော...'

'မမတံခါးခေါက်ပါသေးတယ်နော်..ယူလေးက ယူ့ချစ်ချစ်နဲ့ရန်ဖြစ်ပြီးပေါက်ကွဲနေလို့မကြားတာပါနော်..ဟွန့်..'

'အဲ....ဟို..'

'ဟိုတွေဒီတွေလုပ်မနေပါနဲ့တော့..အဟမ်း...မမနားလည်ပါတယ်..အဲ့လိုဘဲ...စချစ်ခါစ ကြိုက်ခါစ အတွဲတွေက အချစ်စမ်းကြတယ်လေ..အင်း..ရန်ဖြစ်လိုက်..အသေပြန်ချစ်လိုက်ပေါ့..ခစ်..ခစ်....မမမောင်ကတော့လေ..မင်းကိုအရူးအမူးကိုဖြစ်နေတာသိလား...မြန်မြန်အဖြေပေးလိုက်ပါတော့ကွယ်...သူ့မှာလေ..မင်းစီကအဖြေမရသေးလို့ဆိုပြိးကျွန်မကိုညညကြ ဖုန်းဆက်ပြီးသူဘယ်လိုချစ်ကြောင်း..ဘယ်လိုလုပ်ရင် မင်းစိကအဖြေပြန်ရမလဲဆိုတာတွေရော ..အို..အစုံပါဘဲ..ကြားထဲ မမကိုပါ တခါတလေ ဦးနှောက်ဖောက်ဖောက်စားလွန်းလို့..ကြာရင်ကျွန်မနားတောင်အူပြိးသွေးတွေထွက်လာတော့မယ်ထင်တယ်ရှင့်...'

'မမမေ..ဟို....'

'အဖြေပေးလိုက်တော့နော်...ယောက်မလေး..သွားပြီး..ဟိ....'

'ဟာ..မမမေ..အာ....မမကတော့လေ....ဟင်း..'

အဲ့ကိုယ်တော်ချော..တော်တော်လည်းမွှေတယ်...သူ့ကြောင့်တရုံးလုံးက သူနဲ့ကိုယ့်အကြောင်းကိုမသိတဲ့လူဆိုတာမရှိ..ဟင်း.....သိကုန်တာတင်မဟုတ်...သူက တရုံးလုံးကဝန်ထမ်းတွေကိုပေးကျွေးပြီးကိုယ့်ကိုစောင့်ကြည့်ခိုင်းပြီးသူ့စီကို အစီအရင်ကခံခိုင်းသေး..

ရှက်လိုက်တာ....ကိုယ့်မှာအခုဆိုဟောဒီ့ကမျက်နှာကြီးကိုဘယ်နားထားရမှန်းမသိ....ငမွှေထိုးလေး...

'အယ်..စာရွက်တွေတောင်၇ပြိးဘဲ..ငါတော်တော်အတွေးလွန်သွားတာဘဲ...ဟင်း..နဂိုအတိုင်းသာဆိုရင်မျက်နှာပူလွန်းလို့ ဒီအလုပ်ကထွက်မိမှာအသေအချာဘဲလေ..ဒါပေမဲ့..အခုတော့တရုံးလုံးနဲ့က မိသားစုဝင်တွေလိုဖြစ်နေတာရော..မမမေကလည်းငါဒုက္ခရောက်နေတဲ့အချိန် အလုပ်ပေးထားတဲ့မျက်နှာကြောင့်..ပြီးတော့လစာကလည်းကောင်းတာကြောင့်ရော...ဟင်း...အား..စိတ်ရှုပ်လိုက်တာ.....'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now