အခန်း ၃၅ (Unicode+Zawgyi)

Start from the beginning
                                    

" ဟုတ် မေမေ''

မေမေပေးသော နို့ဆန်ပြုတ်ချိုင့်ကို ဆွဲကာ နှစ်အိမ်ကျော်မှာ ရှိသည့် ပန်းမေတို့တိုက်အိမ်ကြီးသို့ ရသကထွက်သွားသည်။

ဝဏ္ဏမင်းထင်က ထွက်သွားပါသော မင်းရသ၏ ကျောပြင်လေးကို တစိမ့်စိမ့်ကြည့်နေလျက်...။

" ရသနဲ့ပန်းမေနဲ့က ငယ်ငယ်ထဲက အဲ့ဒီလိုပဲလေ...။ ပန်းမေကလည်း အန်တီတို့အိမ်ကို ခဏခဏလာဆော့တယ်၊စာလည်းအတူတူလုပ်ကြတာပဲ။ အန်တီက ငယ်ငယ်တုန်းက ရသကို ကျူရှင်မထားတော့ နှစ်ယောက်သားစာအတူတူလုပ်ပြီး အပြန်အလှန်စစ်ကြတာ...တစ်ခါတလေ အန်တီက ဝိုင်းကူပေးတာပေါ့''

ရသမေမေ၏ မျက်နှာသည် ကြည်လင်လန်းဆန်းနေပါသော်လည်း နွမ်းလျနေသည်။အရောင်ခပ်မှိုင်းမှိုင်း သူမမျက်ဝန်းတွေက ခပ်ရေးရေးလေးသာ တောက်ပနေသည်။ ပါးလျလျ နှင်းဆီဖူးရောင်နှုတ်ခမ်းတွေက မင်းရသနှင့် ချွတ်စွပ်တူလျက်...။ ရသမျက်လုံးတွေကတော့ သူမနှင့်မတူ။ သူ့အဖေနှင့်တူတာ ဖြစ်လိမ့်မည်။ ရသက သူ့အမေနှင့်တော့ မျက်နှာကျ အလွန်ဆင်သည်။

" ရသက အတန်းထဲမှာလည်း ခင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ အန်တီ။ သူ့ဘာသာသူ အေးအေးဆေးဆေးလေး နေတတ်တာကလွဲလို့ပေါ့...''

သူမက ပြုံးလိုက်ပြီး ဝဏ္ဏမင်းထင်ရှေ့သို့ နို့ဆန်ပြုတ်ထည့်ထားသော ပန်းကန်လုံးလေးကို ချပေးလာခဲ့သည်။

" ဟုတ်တယ် သား။ရသက သူငယ်ငယ်တုန်းက သူ့အဖေသူ့နားမရှိတော့တဲ့အချိန်ကတည်းက အေးအေးဆေးဆေး တစ်ယောက်ထဲနေတတ်သွားတာ...။ သူငယ်ချင်းဆိုလို့လည်း ပန်းမေလေးတစ်ယောက်ထဲရှိတာ၊ သားက ရသပထမဆုံး အိမ်ခေါ်လာဖူးပြီး အန်တီနဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းပဲ''

ဝဏ္ဏမင်းထင်က မသိမသာလေးပြုံးလိုက်ပြီး အရှေ့မှ ဆန်ပြုတ်ကိုသာ သောက်နေလိုက်တော့သည်။ အိမ်ရှေ့တံခါးဆီမှ အသံကြားသဖြင့် ရသပြန်လာပြီမှန်း သူသိလိုက်သည်။ ရသက ရွံ့ဗွက်ရေတွေစိုနေပါသော ဖိနပ်ကို အိမ်ပေါက်ဝမှာ ထောင်ထားခဲ့ပြီး အိမ်ထဲသို့ဝင်လာကာ လက်ဆေးလိုက်သည်။ ပြီးမှ စားပွဲမှာဝင်ထိုင်လိုက်သည်။

From My Tears...Where stories live. Discover now