Not an update - but I hope u guys will read this

4.1K 345 14
                                    

(Unicode)

Hello ဆူး ပါ။
ပျောက်နေတာ တစ်ပတ်ကျော်နေပြီမို့ extra 3 လေး မ up သေးဘူးလားလို့ ဆူးကို မေးနေကြလို့ပါ😔

ပြောချင်တာကလေ ဆူး ရေးနေပါတယ်လို့ 😔
ပြီးခါလည်း နီးပါပြီ။

ဒါပေမဲ့ ဆူး ဒီရက်ပိုင်းမှာ စိတ်တွေ နည်းနည်း ပင်ပန်းရှုပ်ထွေးနေတာရယ်၊ ပြီးတော့ လက်ဆစ်လေးတွေ နည်းနည်း ကိုက်ချင်နေလို့ပါ။
အဲ့တာကြောင့် ဆူးမှာ မန့်လေးတွေတောင် rp သေချာ မပြန်ရသေးတဲ့ အပိုင်းတွေ ကျန်နေပါတယ်။
ပြောရရင် အသုံးများတဲ့ ညာလက်မ အဆစ်​က Typing နည်းနည်းများသွားတာနဲ့ ယောင်ချင်နေလို့ပါ။ 😞

စိတ်ပင်ပန်းရတာတော့ အကြောင်းအများကြီး ရှိပေမဲ့ ဟိုရက်က ကြယ်လေး ငါးပွင့် အကြွေစောရတာနဲ့ ပတ်သတ်ပြီး ခံစားရတာ အဆိုးဆုံးပါပဲ။
ငါ ဘာမှလည်း မလုပ်နိုင် သူရဲဘောကြောင်လိုက်တာလို့ တွေးမိတိုင်း ခံစားချက်က အတော်ဆိုးပါတယ်။

ခြုံပြောရရင် စိတ်တွေလေလွင့်နေတော့၊ အားယားနေတဲ့အချိန်တောင် စာမရေးနိုင်၊ နည်းနည်းရေးတာနဲ့ လက်ကလည်း နာလာနဲ့...အဲ့တော့ ဘာတစ်ခုမှ အကျိုးမဖြစ်ဘဲ စိတ်အခြေအနေက ပို,ပိုဆိုးလာလို့ပါ။
အဲ့တာနဲ့ပဲ ရေးတာ နှေးနေရတယ်ပေါ့နော်။

နောက်တစ်ခုက ဆူး ပြောခဲ့ဖူးသလိုပဲ။
Extra က တစ်လုံးမှ ကြိုရေးထားတာ မရှိပါဘူး။
ဇာတ်ကွက် အကြမ်းချထားပေမယ့် တကယ် ချရေးတဲ့အခါ အသေးစိတ် ပြန်တွေးရပါတယ်။
ဆူးက ရေးတာသာ မြန်မယ်၊ တွေးရင်က အရမ်း အချိန်ကုန်တာပါ။
အဲ့တာကြောင့်လည်း ပါ,ပါတယ်လို့။

ဒါပေမဲ့ ခု extra 3 ကတော့ ရေးနေတာ ပြီးခါနီးပါပြီ။
အရမ်းလည်း ရှည်တာမို့ တကယ် အကိတ်ကြီး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် 2parts ဖြစ်မှာပါ။
သိပ်မကျန်တော့လို့ မနက်ဖြန် up ပေးနိုင်မယ်လို့တော့ ထင်တာပါပဲ။
(ပြောမရဘူး ဒီည up ဖြစ်မလားလည်း မသိ 👀)

အဲ့တော့ ဆူး အဲ့တာလေး လာပြောတာပါလို့...
Wp cb မှာရော၊ msger မှာရော လာမေးကြတာ ဆူး အရမ်း အားနာလာလို့ အရင် အကျိုးအကြောင်း ပြောပြတဲ့ သဘောပါပဲ။
ဘီယားနဲ သွေ့ပုချီပါလို့😔

OH...My Beloved BadassWhere stories live. Discover now