Chapter 43

17.3K 1.9K 273
                                    

(Unicode)

(A/N - media မှာ ထည့်ပေးထားတဲ့ သီချင်းလေးကို မသိရင် အရင် နားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်နော် ဟိ 😌)

"ကစားကွင်း?”

"ဟုတ်ပါ့ ကစားကွင်းပါ ခင်ဗျာ”

အလွန် အင်မတန်မှ အူမြူးနေသော ခန့်ညားရှိန်၏ ပြုံးဖြီးဖြီး မျက်နှာပေးကြီးကြောင့် ခွန်းထက်မာန် ဘာဆက်ပြောရမှန်းမသိအောင် ဆွံ့အသွားမိသည်။

မနက်ကမှ ရောက်ခဲ့သော ရွှေတိဂုံ ဘုရားနားသို့ ​ခပ်တည်တည် ပြန်မောင်းချလာကတည်းက အနည်းငယ် သံသယမကင်း ဖြစ်ခဲ့သော်လည်း တကယ်ကြီး ပြည့်သူ့ရင်ပြင်သို့ ရောက်လာမည်ဟုတော့ မထင်ထားခဲ့တာ အမှန်။

"မင်းဟာကလည်း ကလေးကလားနဲ့ ငါ..ငါ မဆော့ချင်ဘူး”

"လာပြန်ပြီ ဒီကလေးကလား
ခွန်းက ကလေးတွေကို အတော် ခွဲခြား ဆက်ဆံတာပဲ။
ကလေးမှ ကစားကွင်းလာရမယ်လို့ ဘယ်သူပြောလဲ။
ဟိုမှာကြည့် အတွဲတွေ မမြင်ဘူးလား”

ခန့်ညားရှိန် မေးဆတ်ပြသည့် နေရာနောက် လိုက်ကြည့်လိုက်တော့လည်း ဟုတ်နေသည်။
မိသားစုနှင့် ကလေးတွေထက် ကဲကဲသဲသဲ သမီးရည်းစား အတွဲတွေက ၂ ဆလောက် ပိုများနေတာ အမှန်။

မငြင်းသာသည့်အဆုံး ခန့်ညားရှိန် ဆွဲခေါ်သည့်နောက် ကောက်ကောက်ပါအောင် လိုက်ရတော့သည်။

"ခွန်း အရင်ဆုံး ဘာစီးချင်လဲ
လက်မှတ်တွေက အတူတူပဲ ဘာတက်စီးစီး ရတယ်။”

လက်ထဲက လက်မှတ်တွေကို တစ်လှည့်၊ ပတ်ဝန်းကျင်က ကစားစရာ စက်ပစ္စည်းများကို တစ်လှည့် ကြည့်ကာ အူလည်လည် ဖြစ်နေသော ခွန်းကို ခန့်ညားရှိန်  အကြီးအကျယ် အသည်းယားလာမိသည်။

ဘာလေးလဲကွာ...
ကလေးတွေထက် ပို ချစ်ဖို့ကောင်းနေတာ...

ခြောက်ပေနီးပါး အရပ်ကြောင့်သာ မဟုတ်လျှင် ခွန်းက တကယ့်ကို အိကျိပိကျိလေး ဖြစ်နေမှာ အမှန်...

အဲ...အဲ့လိုတော့လည်း ဘယ်ဟုတ်မလဲ...
ဘော်ဒီကိုပါ နည်းနည်း သေးပစ်မှ...

ဘယ်လိုနေနေပါ...ခွန်းက ခွန်းပဲ ချစ်ပြီးသား...ဟိ

"ဒါ အရင် စီးကြည့်မလား”

OH...My Beloved BadassWhere stories live. Discover now