Chapter 61

13.6K 1.5K 223
                                    

(Unicode)

တလူလူ ဝေ့ဝဲသွားသော မီးခိုးငွေ့တွေကို ကြည့်ရင်း ထွဋ်ခေါင်ဟိန်း ပင့်သက်ရှိုက်မိသည်။

မကြာသေးမီကမှ ပြောထားသော ဖုန်း Call တစ်ခုမှ စကားလုံး တစ်လုံးချင်းစီက သူ့ နားထဲ အထပ်ထပ် အပြန်ပြန် ကြားယောင်နေဆဲပင်။

"ကျွန်တော်တို့ စီးပွားရေးဆန်ဆန်ပဲ အပေးအယူတစ်ခုလောက် လုပ်ကြရအောင်။”

အပေးအယူတဲ့...

ဟက်...

အမှန်တော့ တော်တော်လေးကို အဓိပ္ပာယ် မရှိတာပါပဲ...

ကိုယ် ပိုင်တာကို ကိုယ် ပြန်ယူဖို့ ကြိုးစားတာမှာ ပေးဆပ်ရမှာတွေက ရှိသေးတယ်တဲ့လေ...

"ကိုယ်က ဘာလို့ အဲ့တာကို လက်ခံပေးရမှာလဲ။”

"ဘာလို့လဲဆိုတော့ ခင်ဗျား ကျွန်တော့်ကို လိုချင်လို့ပေါ့။”

ပြတ်သားစွာ ထွက်ပေါ်လာသည့် ငယ့်စကားနောက်တွင် သူ ပြောစရာများ ပျောက်ရှခဲ့ရသည်။

"ကျေးဇူးပြုပြီး အားလုံးကို လွှတ်ချပေးလိုက်မယ်ဆို ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံး ဖြစ်သွားမှာပါ။”

လွှတ်ချပေးဖို့တဲ့...

ငယ် ဘယ်လိုများ လွယ်လွယ် ပြောထွက်နိုင်ရတာလဲ...

သူ ဘယ်လောက် ပင်ပန်း ဆင်းရဲခဲ့ရလဲ ငယ် နည်းနည်းလေးတောင်မှ သဘောမပေါက်ခဲ့ဘဲနဲ့...

ရုတ်တရက် ဘာဖြစ်လို့ ဖြစ်မှန်း မသိဘဲ အသက် လု ထွက်ပြေးခဲ့ရတဲ့ အချိန် ထိတ်လန့်စိုးရွံ့ရမှုတွေ။
ဒဏ်ရာတွေနဲ့ ဖိစီးပြီး သေမလို ခံစားခဲ့ရတဲ့ ညတွေ။
သစ္စာဖောက်ခံရတယ်ဆိုတဲ့ အသိနဲ့ ခံပြင်းဒေါသတွေ။

အာရုံထဲတွင် အလျှံညီးညီး တောက်လောင်နေသော မီးရဲရဲတွေကို ပြန် မြင်ယောင်လာကာ သူ အံကြိတ်လိုက်မိသည်။.

ထိုနေ့က အဆက်မပြတ် ပစ်ခတ်နေသော ကျည်ဆံတွေကြား ကားကို လီဗာကုန်နင်းရုံလွဲပြီး သူ ဘာဆို ဘာမှ မတွေးနိုင်ခဲ့။
မှောင်မဲနေသော တောကြိုအုံကြားတွင် ပြေးဖို့ တစ်ခုသာ တွေးနေမိသော သူ့အတွက် ချောက်အကွေ့က ဧရာမ သစ်ပင်ကြီးက ကံဆိုးမှုတစ်ခု ဖြစ်သွားစေခဲ့သည်။

OH...My Beloved BadassWhere stories live. Discover now