Chapter 35

19.1K 2.2K 443
                                    

(Unicode)

"အာ...ကျစ် ဒီ ကြက်သားကလည်း ပလတ်စတစ်အိတ် တစ်ထပ်နဲ့တောင် အနံ့က ထွက်ချင်နေသေးတယ်။”

ကား ဘရိတ် အအုပ်တွင် ထွက်ကျသွားသော စားစရာများကို လိုက်ကောက်ရင်း ခန့်ညားရှိန် သက်ပြင်းချလိုက်မိသည်။

Leo ကို ချက်ကျွေးချင်လွန်းလို့သာ ဝယ်ရသည်။
ဟင်းစားပစ္စည်းဆိုတာတွေက တော်တော့်ကို ရှုပ်သည့်အမျိုးပင်။

အထုပ်တွေ ဆွဲကာ ဓာတ်လှေကားဆီရောက်တော့ လှေကားက ၁၂ လွှာကို ရောက်နေသည်။

အေး...စောင့်လိုက်အုံး...

အချစ်ကံကောင်းတတ်သည့် ခန့်ညားရှိန်တို့များ ကန်ဘောင်တွင် အဖြေရပြီး နောက်တစ်နေ့ဆိုတာနှင့် Leo က ဦးစိုင်းလုံနှင့် ပတ်သတ်သည့် အရေးကြီးကိစ္စဟုဆိုကာ ခရီးရက်ရှည်ထွက်သွားသည်။

ချစ်စကြင်စ ဖြစ်၍ ခန့်ညားရှိန်မှာ အကြီးအကျယ် မနေနိုင်၊ မထိုင်နိုင် ဖြစ်ရသည်။

အကျိုးအကြောင်း ဖုန်းတော့ လှမ်းလှမ်းဆက်ပေးသော်လည်း Leo ဆိုသည်မှာ Leo ပင်။
ချစ်သူတွေ ဖြစ်ပါပြီဟုဆိုသော်လည်း ဘာမှ ယုယုယယ ကြင်ကြင်နာနာ တစ်တီတူးလို့ မရ။
အရင်ကလို ပြောစရာရှိတာ ပြောပြီး ဂွက်ခနဲ ဖုန်းချမြဲ။

Vcall ခေါ်ရအောင်ဟု စကား,စတော့မှ အရင်က leo ကို social media တွင် ရှာမရသည့် အကြောင်းအရင်းကို သ​ေဘာပေါက်တော့သည်။

Leo တွင် official ac တစ်ခုမှ မရှိ။
ဖွင့်ထားသမျှ Fake ac တိုင်း၏ နာမည်ကလည်း သောင်းစိန်တို့၊ လှအေးတို့လို ပေါက်တတ်ကရတွေသာ ဖြစ်သည်။
သူနှင့် ပတ်သတ်သမျှ ဘာဆိုဘာမှ social Media ပေါ် မတင်ရဟု ကန့်သတ်ထားသဖြင့် ချစ်သူ အချောလေးကို officially ထုတ်ကြွားချင်လှသော ခန့်ညားရှိန်မှာ ကြက်ကြီး လည်လိမ်ခံထားရသလို မအီမသာ။

ဘာဆို ဘာမှ လှုပ်မရသည့် အလွမ်း နာတာရှည်ကာလတွင် သူလည်း တောက်လျောက် အလုပ်များနေ၍သာ အနည်းငယ် ခံသာတော့သည်။

ထိူည အိမ်ပြန်လာကတည်းက ခန့်ညားရှိန် ဖေဖေကို မျက်နှာချိုသွေးကာ အလုပ်လုပ်ခွင့် ပြန်တောင်းသည်။
ဖေဖေက အခု ရွှေ၊ အခုငွေ နေ့ချင်းညချင်း ပုံစံပြောင်းသ​ွားသော သူ့ကို သိပ်မယုံသော်လည်း အစကတည်းက ပြောထားပြီးသားမို့ အောင့်သက်သက်နှင့် လက်ခံပေးလိုက်ရှာသည်။

OH...My Beloved BadassWhere stories live. Discover now