Chapter 49

17K 1.6K 150
                                    

(Unicode)

ချပေးထားသော အအေးခွက်ကို သောက်မလိုလို၊ မသောက်မလိုလို လက်နှင့် တတောက်တောက် လုပ်နေသော ဗိုက်ပူ၊ ထိပ်ပြောင် အသားညိုညိုနှင့် လူကြီးကို ခန့်ညားရှိန် မျက်မှောင် ကြုတ်ကာ မသိမသာ အကဲခတ်နေလိုက်သည်။

ဒါလား Estela ဂိုဏ်းရဲ့ ခေါင်းဆောင်...

တစ်ခါမှ မမြင်ဖူးသဖြင့် ရုပ်ရှင်ထဲက မာဖီးယား ဂိုဏ်းခေါင်းဆောင်တွေလို အနောက်တိုင်း ဝတ်စုံအပြည့်နှင့် အထာကျ မိမိုက်နေမည်ဟု ထင်ခဲ့ရမှ အခုတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပင်။

ဟိုဘဲ အသားမည်းတာ ဒီလူကြီးဆီက အမွေရလို့ကိုး...

တစ်ဂိုဏ်းလုံး ရုက္ခစိုးတွေကြားကမှ ခွန်းတစ်ယောက်တည်း ပတ္တမြားခဲလေး ဖြစ်နေတာ နေမှာ။

ငါကတော့ ပတ္တမြားလေးကို ဝန်းရံပေးမယ့် ရွှေတုံးလေး။

"Plastic Surgery ပါ လုပ်ထားတဲ့ သဘောပေါ့"

ဗိုက်ပူလူကြီး၏ အသံ ခပ်တိုးတိုးကို ကြားတော့မှ ခန့်ညားရှိန် အတွင်းကြိတ် ဝေဖန်သုံးသပ်နေတာကို ခဏ ရပ်လိုက်ရသည်။

တစ်ညလုံး ကောင်းကောင်း အိပ်မပျော်သဖြင့် မျက်လုံးတွေကလည်း ခပ်စပ်စပ်။

တော်သေးသည်။
သူ အိပ်မပျော်နိုင်ခဲ့သော်လည်း ခွန်းက နောက်တစ်နေ့ မနက် ၁၀ နာရီကျော်အထိ တရေးမှ မနိုးဘဲ အိပ်ပျော်သွားခဲ့၍သာ။

နိုးလာသည်နှင့် ထိုလူကြီးကို အသည်းအသန် ဖုန်းဆက်ခေါ်သဖြင့် ခန့်ညားရှိန်တောင် အလန့်ထညက် ဖြစ်သွားရသေးသည်။

ခွန်း ဘာတွေ ပြောလဲတော့ သူ သေချာ မသိ။
သေချာသည်က ဖုန်းချပြီး မိနစ်ပိုင်းပင် မကြာလိုက်ဘဲ ထိုလူကြီးက ကွန်ဒိုသို့ ချက်ချင်း ရောက်ချလာတာပင်။

ဘေးမှ ခွန်းက သက်ပြင်းကို ဖွဖွချကာ ခေါင်းညိတ်သည်။

"ကျွန်တော်ကတော့ အဲ့လိုပဲ ထင်တယ် အန်ကယ်။
သူ့မျက်နှာကျက လုံးဝ တခြား တစ်ယောက်လိုမျိုးပဲ။
တော်တော်ကို ပုံစံပြောင်းသွားတာ။
အသံရယ်၊ မျက်လုံးက အေးစက်စက် အကြည့်တွေရယ်။ ပြီး...ပြီးတော့ အဲ့အထိအတွေ့တွေနဲ့ အငွေ့အသက်တွေ..."

OH...My Beloved BadassWhere stories live. Discover now