Extra 6 (Part 3)

15.3K 839 79
                                    

(Unicode)

"လာ...လာ...သား...ဒီကို အရင်လာ"

ဘာဆော့ရင်ကောင်းမလဲ စဥ်းစားရင်း ရပ်နေသည့် သားသားကို အတင်း လက်ဆွဲခေါ်နေသော ခန့်​ကြောင့် ခွန်းထက်မာန် မျက်စောင်းခဲလိုက်မိသည်။

ပြန်ကြမလားလို့ သူ အကြံပြုတာကို သားအဖနှစ်ယောက်လုံး အသည်းအသန် ခေါင်းခါကြတာ...

"ရောက်အတူတူ...Happy Zone ပါ ပို့ပေးလိုက်တာပေါ့ ခွန်းရယ်။
ခွန်း ပင်ပန်းနေလို့လား...”...တဲ့

မေးပုံကိုက အဲ့မှာ အချိုးမပြေ။
ပင်ပန်းတာက သူ ဖြစ်ပါ့မလား...
ရေကူးလာသည့် ဘုဏ်းရှိန်ကပဲ ပင်ပန်းနေမှာလေ...

သို့ပေသိ...သားတော်မောင် ကိုယ်တိုင်က သူ့အဖေနီးပါး တက်ကြွနေတော့လည်း သူ မပြောသာတော့...

ပင်ပန်းလွန်းပြီး အဖျားဝင်မှာကိုတော့ တကယ် စိတ်ပူသည်။

"ဟဲ...ဟဲ...သားသား အရုပ်တစ်ရုပ်လောက် မလိုချင်ဘူးလား ...”

စပ်ဖြဲဖြဲ အမေးနှင့်အတူ ရောက်လာသော နေရာကြောင့် ခွန်းထက်မာန် မျက်လုံးလှန်လိုက်မိသည်။

ထင်တယ်...ဒီခွေးကောင်လေးကတော့...

ဒါကြွားဖို့ သူ့မှာ အရမ်းကို အရေးကြီးနေတာ...

စင်ပေါ် တန်းစီနေသော ပူဖောင်းတွေရယ်၊
မြှားထည့်ထားတဲ့ ခြင်းအသေးလေးတွေရယ်။
စီတန်း ပြထားတဲ့ အရုပ် ဆိုဒ်စုံရယ်။

သကောင့်သားက ခွန်းထက်မာန်ဘက်သို့ အဓိပ္ပါယ်အပြည့်နှင့် ဆောင့်ကြွားကြွား ကြည့်လာသဖြင့် အမြင်ကပ်ကပ်နှင့် မျက်စောင်းထပ်ခဲပေးလိုက်သည်။

သို့ပေမယ့် ပြုံးဖြီးနေသည့် မျက်ခွက်ကြီးက အနည်းငယ်တောင် လျော့မသွား...

"အစ်မ မြှား ၁၀၀၀ ဖိုး ပေးပါ။”

"ဖေဖေ ပစ်မလို့လား...”

အရေးထဲ သားသားက ထပ်မေးလိုက်တော့ ပြောချင်ရက်လက်တို့ ကိုယ်တော်ချော၏ မျက်နှာပေးက တာဝတိံသာထိ တက်သွားတော့သည်။

"ဒါပေါ့...ဖေဖေ ဘယ်လောက် လက်တည့်လဲ သိချင်ရင် သား ပါးပါးကို မေးကြည့်...”

OH...My Beloved BadassOnde histórias criam vida. Descubra agora