Chapter 50

17.6K 1.7K 68
                                    


(Unicode)

"အင်း..."

တဆစ်ဆစ် ထိုးကိုက်နေသော ခေါင်းကို ဖိနှိပ်ရင်း ခွန်းထက်မာန် မျက်လုံးနှစ်လုံးကို ကြိုးစားပြီး ဖွင့်လိုက်သည်။

ဘယ်နှစ်နာရီတောင် ရှိသွားပြီလဲမသိ...

မနေ့က ဂိမ်းအဆော့ကောင်းပြီး နှစ်ကောင်သား ဉာဥ့်​နက်မှ အိပ်ဖြစ်ကြသည်။

သတိတရနှင့် ဘေးကို ကြည့်လိုက်တော့ နေရာက ကွက်လပ်။
ခေါင်းအုံးနေရာတွင် ကပ်ထားသော note အဝါလေးကို ဖြုတ်ကာ ကြည့်လိုက်မှ သူ ခပ်ရေးရေး ပြုံးမိတော့သည်။

"အိမ်လေး ခဏ ပြန်ပါတယ် ခင်ဗျ။
ခဏနေရင် Flash လို အလျင်နဲ့ ချက်ချင်း ပြန်ရောက်ပါမယ် ခင်ဗျ။
စိတ်ပူလို့ သော့ခတ်သွားပါတယ် ခင်ဗျ။
ဒီကြားထဲ နိုးလာရင် အသင့် စားလို့ရအောင် မီးဖိုချောင်ထဲ ပေါင်မုန့် နို့ဆီသုတ် ရယ်ဒီ လုပ်ပေးခဲ့ပါတယ်ခင်ဗျ။
ချစ်တယ် ခင်ဗျ။
မွမွ (morning kiss ပေးသံ)"

ဒီကောင်လေးကတော့...

သူ ပြုံးကာ Noteလေးကို သေချာ ခေါက်ပြီး ဘေးချလိုက်သည်။

ထို့နောက် အားသွင်းထားသော ဖုန်းကို ဖြုတ်ယူကြည့်လိုက်တော့ ထုံးစံအတိုင်း Mailတွေက တန်းစီနေသည်။

တစ်ခုချင်း စစ်ရင်း address တစ်ခု အရောက်...

ရင်ထဲ ဒုန်းခနဲ ပူထူသွားရသည်။

HKHနှင့် အစချီသော adress က ဘယ်သူလဲဆိုတာကို ဗေဒင်မေးစရာ မလိုဘဲ အတပ် သိနိုင်သည် မဟုတ်ပါလား။

F**k

အလုပ် email ကို ဒီသေချင်းဆိုး သိနေတာတော့ သိပ်မထူးဆန်းလှ။

အနည်းငယ် တုန်ချင်လာသော လက်ဖြင့် ချက်ချင်း ဖျက်ပစ်မည်လုပ်ပြီးမှ....
တစ်ခုခုများ ဖြစ်နေမလားဆိုသည့်စိတ်ဖြင့် သူ ဖွင့်ကြည့်မိသွားသည်။

"ငယ့်အတွက် လက်ဆောင်လေး တစ်ခု ကိုယ်စီစဥ်ပေးထားတယ်။
နောက်ထပ်လည်း ဆက်တိုက် လာအုံးမှာမို့၊ ဒါက မိတ်ဆက်သဘောပေါ့။"

သူ ချက်ချင်းကို မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါက ဘာ သဘောလဲ...

OH...My Beloved BadassWhere stories live. Discover now