Chapter 44

17.4K 1.9K 116
                                    

(Unicode)

"ဟူး....”

ရှေ့မှ file ကြီးကို ငုံ့​ကြည့်လိုက်၊ လက်ဖဝါးတွေကို ပွတ်သပ်လိုက်ဖြင့် တရှူးရှူး တရှဲရှဲ ဖြစ်နေသော ခန့်ညားရှိန်ကို ကြည့်ကာ ခွန်းထက်မာန် သက်ပြင်းသာ ခိုးချမိတော့သည်။

တစ်ခုခု ပြောလိုက်လျှင်လည်း အနှောင့်အယှက် ဖြစ်သွားမလားဟု တွေးကာ သူ့မှာ အသံပင် မထွက်ရဲ။

ဒီနေ့က ခန့်ညားရှိန်၏ Entertainment Company Project ကို ရှယ်ယာရှင်များထံ ချပြမည့်နေ့။
ဦးမိုးမြင့်ရှိန်၏ TripleLight အပါအဝင် အခြား လုပ်ငန်းစုများမှ ရှယ်ယာရှင်တွေပါ ဤအစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။
အခု အစည်းအဝေးတွင် လူကြီးအားလုံး စိတ်ကျေနပ်အောင် သေချာစွာ တင်ပြဆွေးနွေးနိုင်မှ Project က အရင်းအနှီး ကောင်းကောင်းဖြင့် စ run နိုင်မည် ဖြစ်သည်။

ပထမဆုံး စတင်မည့် ကိုယ်ပိုင်လုပ်ငန်း၏ အဆုံးအဖြတ် ဖြစ်နေ၍ ခန့်ညားရှိန်ခမျာ အလွန်အမင်း စိတ်ပူပန်နေရှာသည်။ 
ခွန်းရှိမှဟု ဂျီကျနေ၍ သူ့မှာ အိမ်အထိ သွားခေါ်ကာ ကုမ္မဏီသို့ ပို့ပေးရသည်။
တစ်လမ်းလုံး ဟို စာရွက်ကို ပြေးလှန်လိုက်၊ ပေါင်ပေါ်က Laptop ကြီး ပြေးဖွင့်လိုက်နှင့် ဂဏှာမငြိမ်။
ခုလည်း ကားပါကင်မှာ ရပ်ပြီးသည့်တိုင် မဆင်းသေးဘဲ ဟိုဟာ လုပ်ရမလို၊ ဒီဟာ လုပ်ရမလိုနှင့် တစ်ယောက်တည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေရှာသည်။

ခန့်ညားရှိန်က စိတ်လှုပ်ရှားပြလေလေ၊ ခွန်းထက်မာန်ကပါ ပို,ပို၍ ရင်တုန်လေ။
ညကတည်းက ခွေးကောင်လေးကို အိပ်ရေးဝဝ အိပ်ဖို့ အတန်တန်မှာသလောက် သူက အိပ်မပျော်နိုင်။
နောက်ဆုံး အိပ်ဆေးပါ ကူရသည်အထိ ခွန်းထက်မာန်မှာ ပူပင်သောက ကြီးနေရသည်။

ဆယ်တန်း စာမေးပွဲဖြေမည့် သားကို လိုက်ပို့ပေးသော အမေများ၏ သောကကို ခွန်းထက်မာန် အခုမှ ကွက်ကွက်ကွင်းကွင်း ကိုယ်ချင်းစာနိုင်တော့သည်။

သြော် ချစ်ရတဲ့သူဆိုတော့လည်း ဒီလိုပဲ အပူတွေက မပေးဘဲနဲ့ကို အလိုလို မျှဝေခံစားနေမိ...

"ဟူး... အဆင်တော့ ပြေသွားမှာပါနော်
ကျွန်တော် အသေးစိတ်က အစ သေချာ ပြန်စစ်ထားတာပဲဟာကို”

OH...My Beloved BadassWhere stories live. Discover now