Chapter 63

13K 1.4K 186
                                    

A/N
အရင်အပိုင်းက ဆူး စာပြင်ထားတဲ့ နားလေးပါ။
Cut လုပ်တာ မှားပြီး စာသားဟောင်းကို ပြန်ထည့်မိသွားလို့ပါ။
သိပ်အများကြီးတော့ မပြောင်းလဲပါဘူး 😁

A/Nအရင်အပိုင်းက ဆူး စာပြင်ထားတဲ့ နားလေးပါ။Cut လုပ်တာ မှားပြီး စာသားဟောင်းကို ပြန်ထည့်မိသွားလို့ပါ။သိပ်အများကြီးတော့ မပြောင်းလဲပါဘူး 😁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Unicode)

"ဖြောင်း...”

"အ...အင်း...”

ကျောပေါ်သို့ အညှာမတာမရှိ ကျရောက်လာသော သားရေ ခါးပတ်က အသားကိုပင် စုတ်ဖြဲသွားပြီလားဟု ထင်ရလောက်အောင် နာကျင်စေလွန်းသည်။

အထူးသဖြင့် လောလောလတ်လတ် အရှိုးရာပေါ် ထပ်ကျရောက်လာသော ရိုက်ချက်တွေက ပိုဆိုးသည်။

လက်နှစ်ဖက်ကို လိမ်ပြီးမှ တင်းနေအောင် ခတ်ထားသော နောက်ပြန်လက်ထိပ်။
ကုတင်အောက်ခြေ တိုင်နှင့် ဘယ်လောက်မှ မဝေးပဲ လှမ်းချည်နှောင်ခံထားရသော ခြေတစ်ဖက်။

သူ့အဖြစ်က ကြမ်းပြင်မှာ ပြေးရာမဲ့ လူးလိမ့်ရနေသည့် မြွေတစ်ကောင်လိုလို...

"ဖြောင်း...”

"အ...”

"ဟက်...
ငယ့်ကို နံပါတ်စဥ် လိုက်ရေခိုင်းချင်တာ...
ဒါပေမဲ့ ဘယ်လို လုပ်ရမလဲ။
ငယ့်အပြစ်တွေက များလွန်းတော့ ဘယ်​က စ ရေခိုင်းရမလဲ ကိုယ် မသိတော့ဘူး။”

​အေးစက် တည်ငြိမ်ချင်ယောင်ဆောင်နေသည့်တိုင် တုန်ခါမှုပါနေသော ထိုအသံတွေ...

သာမန်လူတော့ မသိနိုင်ပေမယ့် သူကတော့ ထိုလေသံမှ ဒေါသတွေကို ခန့်မှန်းနိုင်ပါသည်။

"အယုတ်တမာလူတွေနဲ့ ပေါင်းပြီး ကိုယ့်ဆီက ထွက်ပြေးရဲတယ်။
နောက်တစ်ယောက်ကို အားကိုးရဲတယ်။
ဟက်...သတ္တိတွေ ရှိနေလိုက်တာ။
အဲ့ခွေးကောင်ကို ချစ်တယ် ​ပြောခဲ့လား။
ဟမ်...
သူနဲ့ အိပ်တောင် အိပ်ရဲသေးတယ်။
ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ ငယ်...
မင်း ဘယ်လောက်တောင် ဆိုးလိုက်သလဲ။
ငယ်ကို ကိုယ်ပိုင်တယ်ဆိုတာကို မေ့ပစ်ရဲတယ်ပေါ့။
ရတယ်....ငယ် သတိမရမချင်း ကိုယ်က သတိပြန်ပေးလို့ ရတယ်။”

OH...My Beloved BadassWhere stories live. Discover now