Chapter 30

18.7K 1.9K 136
                                    

(Unicode)

"အား...အ”

အသိစိတ် ကပ်ကပ်ချင်း မျက်လုံးပင် မဖွင့်ရသေးခင်မှာပင် ခံစားလိုက်ရသော တဆစ်ဆစ် ကိုက်ခဲမှုကြောင့် ခန့်ညားရှိန် အားပါးတရ ငြီးတွားလိုက်မိသည်။

ခေါင်းတစ်ခုလုံး တင်းပုတ်နှင့် ထုခံထားရသလို ကျိန်းနေသည်။
အံကြိတ်ကာ မျက်လုံးကို ပွတ်သပ်လိုက်မိတော့ အနည်းငယ် အောင့်တောင့်တောင့် ခံစားချက်နှင့်အတူ မျက်ကပ်မှန် မချွတ်ရသေးတာကို သတိထားမိသွားသည်။

ငါ...ဘယ်လိုလုပ်....

F**k

မနေ့ညက အကြောင်းအရာအားလုံးကို တပြိုင်တည်း သတိရသွားမိတော့ ချက်ချင်း ဝုန်းခနဲ ထထိုင်လိုက်မိသည်။

သွားပြီ...သွားပြီ...
Leo ကို ဘယ်လိုတောင် ပြဿနာရှာမိသွားတာလဲ...

အား...leo ကို အမူးတိုက်ပြီး Leo ရစ်တာလေး ခံချင်လို့ပါဆို ငါက ဘယ်လို မူးသွားရတာလဲ။

ကျစ်...အရေးထဲ ဟိုကောင် ဟိန်းသူနဲ့ပါ ရန်ဖြစ်လိုက်သေးတယ်။
Leo က အခုမှ ငါ့ကို ကြည်စရှိသေးတာ...
တကယ် သွားပါပြီ...

ဟိန်းသူနှင့် သူက တစ်ခါက ကားပြိုင်မောင်းရင်း ရန်စရှိဖူးသည်။
အမှန်တော့ ခန့်ညားရှိန် နိုင်သွားခြင်းကို ဟိုကောင့်ဘက်က တမင် ရှုံးမဲ မဲခြင်းပင်။
မနေ့ကလည်း ဘာ မဟုတ်တာလေးနှင့် တမင် ပြဿနာ လုပ်ခြင်း။

ဘာပဲဖြစ်ဖြစ် Leo ရှေ့မှာ ဖြစ်တာတော့ အဆင်မ​ပြေလှပေ။

အိုက်စပ်စပ် ခံစားချက်ကြီးကြောင့် နာရီကို လှမ်းကြည့်တော့ ဆယ်နာရီခွဲ။
တစ်ကိုယ်လုံးကလည်း ချဥ်စော်နံနေလွန်းသဖြင့် ခန့်ညားရှိန် ကိုယ့်ကိုယ်ကိုပင် ရွံချင်သွားသည်။

ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကာ ထရပ်မည်ကြံလိုက်တော့...ကိုယ်ပေါ်တွင် ခြုံထားသော စောင်က လွှားခနဲ အောက်ပြုတ်ကျသွားသည်။

ထိုအခါမှ သူ တစ်ခု သတိရကာ မျက်နှာကို စမ်းလိုက်မိသည်။

မျက်ခုံးထောင့်တွင် အသစ်ကပ်ထားသော ပလာစတာ...

Leo က မူးရူးနေတဲ့ ငါ့ကို အိမ်ကိုလည်း ခေါ်လာပေးတယ်။
ဒဏ်ရာလည်း ဆေးထည့်ပေးတယ်။
စောင်လည်း ခြုံထားပေးတယ်။

OH...My Beloved BadassWhere stories live. Discover now