Chapter 56

15.2K 1.7K 276
                                    

Unicode

(A/N

ဒီနေ့ ဒီ ep လေးကို ဖတ်ပြီးရင် နောက်ဆုံးက A/N လေးကို ဖတ်ပေးဖို့ ဆူး အနူးအညွတ် တောင်းဆိုပါတယ်။
ဆူးအတွက် နည်းနည်းလေး အရေးကြီးလို့ပါ။)

"အာ....ကျွန်တော်...ကျွန်တော် အခု အခုပဲ ရုံးသွားတော့မလို့ အဲ့တာ...."

အထစ်ထစ်အငေါ့ငေါ့ စကားလုံးတွေ ပြောရင်း သူနှင့် ဝေးနိုင်သမျှ ဝေးဝေးကို ဆုတ်နေသော ကောင်လေးကို ကြည့်ကာ ခွန်းထက်မာန် သက်ပြင်းချမိသည်။

ဖွာလန်ကျဲနေသော ဆံပင်တွေနှင့် သိသိသာသာ ချောင်ကျနေသော မျက်ကွင်းတွေက သူ့နှလုံးသားကို တင်းခနဲ နာကျင်သွားစေသည်။
မျက်ကပ်မှန်ပင် မတပ်ထားသော မျက်ဝန်းညိုတွေက နီရဲလို့။
အခန်းကျယ်ကြီး တစ်ခုလည်း ခြေချစရာ မရှိလောက်အောင် ဘီယာဘူးခွံတွေနှင့် ပွပလဲနေသည်။

ဘယ်လိုတောင် ပြိုလဲနေရတာလဲ ငါ့ကလေးငယ်ရယ်။

နောက်ကျောမှ တံခါးကို ခပ်ဖြည်းဖြည်း ပိတ်လိုက်တော့ ခန့်ညားရှိန်က ဆတ်ခနဲ တုန်တက်သွားသည်။

"ခွန်း ကျွန်တော် အခုပဲ..."

"ခန့်"

"တကယ်...တကယ် ခုပဲ...အပြင်...မဟုတ်ပါဘူး...ရုံး..."

"ခန့်"

"အင်း...ရုံးသွားမလို့...
အခုနက..."

"ခန့် ငါ နားလည်တယ်။"

သူ့စကားဆုံးသည်နှင့် ရုတ်တရက် ရပ်တန့်သွားသော ဗလုံးဗထွေး စကားသံတွေနှင့်အတူ...

ကြေကွဲရိပ်စွန်းနေသော မျက်ဝန်းညိုတွေ...

သူ တစ်လှမ်းချင်း တိုးသွားမိတော့ ကောင်လေးက အသည်းအသန် ခေါင်းယမ်းသည်။

"မဟုတ်သေးဘူး ခွန်း...
ကျွန်တော်....
Oh My God...ခွန်း
ကျွန်တော့်နားကို တိုးမလာပါနဲ့။"

ဒီတစ်ကြိမ်တော့ အသည်းအသန် ခေါင်းယမ်းရသူက ခွန်းထက်မာန်ပင်။

"ဘာလို့လဲ။
မင်းက ငါ့ကို မမြင်ချင်တော့တာမို့လို့လား။"

သူ မေးလိုက်တော့ ခန့်ညားရှိန်က အလန့်တကြား မော့ကြည့်သည်။

OH...My Beloved BadassWhere stories live. Discover now