Chapter 60

15.1K 1.5K 143
                                    

A/N

Best part ဆိုတဲ့ သီချင်းလေးကို နားမထောင်ဖူးသေးရင် အရင် နားထောင်ကြည့်ပေးဖို့ ဆူးဆူး လေးလေးစားစား တိုက်တွန်းပါတယ်ဗျ။

Media က you tube vd က male only ver ပါ။
Fb မှာ mm sub နဲ့ ရှိပါတယ်။
Link ပဲ ပေးမယ်နော်။
ဆူး wp ver က အောက်မှာ vd ထည့်လို့ မရလို့😢

https://www.facebook.com/114361830292313/videos/572908016712767/

တအား နားထောင်စေချင်လို့ နှစ်ခုတောင် ရှာပေးထားတာနော် ဟွင်းဟွင်း 😌😌

Unicode

"ကျွန်တော် ဖေဖေနဲ့ တစ်နေ့ခင်းတော့ နေပေးလိုက်အုံးမယ်။
ဧည့်တွေ့ချိန် ကျော်ရင်က ပြန်ရမှာဆိုတော့...
ပြီးတာနဲ့ ဖုန်းဆက်လိုက်မယ်။
ရုံးချုပ်မှာပဲ ရှိသေးရင်လည်း ဝင်ခေါ်မယ်။
ညစာ စားချိန်နဲ့တော့ ကွက်တိပဲ။
စားချင်တာ ပြောထား၊ ဝယ်လာပေးမယ်။
အရေးအကြောင်းရှိရင်တော့ ချက်ချင်း ဖုန်းခေါ်နော်။
ချက်ချင်း ထွက်လာမယ်။”

"အစ်ကို ပစ္စည်းလေးတွေ ဒီထဲ ထည့်လိုက်နော်။”

nurse လေး အပြောကြောင့် Msg ကို အပြီးသတ်ကာ  ကမ်းပေးသော ခြင်းပြာလေးထဲသို့ ဖုန်း လှမ်းထည့်လိုက်သည်။

အထူးကြပ်မတ်ဆောင်သို့ ပိုးသတ်ဝတ်စုံနှင့် ဝင်ရတာက သူ့အတွက်တော့ အတော်လေး စိတ်ကသိကအောက် ဖြစ်ရသလို...

မှန် အကြည်မှ တစ်ဆင့် အထဲသို့ လှမ်းကြည့်ရင်း ခန့်ညားရှိန် သက်ပြင်းချမိသည်။ 

ကုတင်ပေါ်တွင် ပတ်တီးအဖွေးသားနှင့် မှိန်းနေသော  ဖေဖေပုံစံက သူ့ရင်ကို တမျှင်းမျှင်း နာကျင်စေသည်။

Slide door ကို ဆွဲလိုက်ဖို့ပင် လက်တွေက မဝံ့ရဲသလို။

"လူနာက သတိရရချင်း အစ်ကို့ကို မေးနေတာ။”

Nurse လေး ပြောသံကြားမှ သူ ပြုံးကာ ခေါင်းညိတ်ရင်း တံခါးကို ဆွဲဖွင့်လိုက်မိသည်။

အသံကြားသည်နှင့် ဖေဖေက ဆတ်ခနဲ မျက်လုံးပွင့်လာသည်။

"သား...”

ခေါ်သံတိုးညှင်းညှင်းအဆုံး သူ ရင်ထဲလည်း တစ်ဆို့ဆို့...

OH...My Beloved BadassWo Geschichten leben. Entdecke jetzt