အခန်း ၂၉ (Unicode+Zawgyi)

शुरू से प्रारंभ करें:
                                    

ဆက်မပြောတော့ပဲ ငြိမ်နေသဖြင့်...

" ပြီးတော့ ခုံပေါ်က ကျတယ်ပေါ့။ မင်းဘေးကိုလည်းကြည့်ဦး!! ဖန်ကွဲစတွေ...မတော်တဆ မင်းကိုရှသွားရင်ဘယ်လိုလုပ်မလဲ''

မင်းရသက နှိုင်းခစေတန်အား မော့ကြည့်လာကာ...

" အာ...ငါမရှပါဘူး။ ရတယ်...ရတယ်''

နှိုင်းခစေတန် ကိုင်ထားပါသော သူ့လက်အား မင်းရသက ရုန်းလိုက်ပြီး အနောက်သို့လက်ထောက်လိုက်သည်။ ထိုအခါမှသာ ဖန်ကွဲစက ရှသွားလေတော့သည်။

" အား...''

" မင်း!!!''

မင်းရသထံမှ ဖန်ကွဲစရှသွားပါသော လက်ဖဝါးအား ကမန်းကတန်းဆွဲယူလိုက်ပါသည်။ လက်ဖဝါးတည့်တည့်ကို စိုက်မိပြီး သွေးတွေကလည်းထွက်လာသည်။ နဂိုကဘာမှမဖြစ်တာကို နှိုင်းခစေတန်ဆီကနေ သူ့လက်ကိုရုန်းပြီးထောက်လိုက်မှဖြစ်တာ...။ ဒီအတိုင်းနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။

" ငါကမင်းရဲ့ အမည်ခံခင်ပွန်းဆိုတော့ မင်းကအသားတောင်မထိချင်ဘူးပေါ့...ဟုတ်လား မင်းရသ။ အခု မင်းရုန်းလို့ပဲ ဖန်ကွဲစ ရှသွားပြီ''

" မဟုတ်ဘူး...ငါက ဒီအတိုင်း အဆင်ပြေလို့...''

" ဘာကိုအဆင်ပြေတာလဲ...ဒီအမြင့်ကနေ ဝုန်းခနဲကျတာလေ...နာမှာပေါ့။ အခုတော့ ပိုဆိုးပြီ။ မင်းလိုက်ခဲ့...''

ထိုသို့ပြောကာ မင်းရသ၏ လက်တို့အား ဆွဲယူပြီး နှိုင်းခစေတန်က ထူလိုက်သည်။ နာကျင်နေသည့်အရှိန်ကြောင့် မင်းရသခန္ဓာကိုယ်က ယိုင်ခနဲ...။ ထို့ကြောင့် နှိုင်းခစေတန်က ထိန်းလိုက်လေသည်။

လမ်းကတော့ သူလျှောက်နိုင်ပေမယ့် နှိုင်းခစေတန် သူ့အား မပွေ့ချီရုံတမယ် ထိန်းထားပေးနေသည်။ မင်းရသ နာကျင်မှုတို့ကြားမှ အပြုံးမဆိုသာပါသော နှုတ်ခမ်းထောင့်မှ အနည်းငယ်ကွေးညွှတ်သွားသည်။

အခုနှိုင်းက သူ့အသားကိုထိနေတာလေ...။ မောင်ကပြောဖူးတယ်...သူ့အသားကိုမထိချင်အောင် ရွံတယ်တဲ့။ သူ့မျက်နှာကို မမြင်ချင်လောက်အောင် မုန်းတယ်တဲ့။ အဲ့ဒါဆို ဘာလို့များ အခုမင်းငါ့ကိုထိနေတာလဲ။

From My Tears...जहाँ कहानियाँ रहती हैं। अभी खोजें