အခန်း ၁၉ (Unicode+Zawgyi)

Start from the beginning
                                    

"နေမကောင်းဖြစ်မှာစိုးလို့ပါ မေမေရယ်။ အကျီ..တွေက နောက်ရက်မှ လာယူမှာမဟုတ်လား?''

" အင်း...သား။ဒါပေမယ့် အခုကသားအတွက် သိုးမွေးဆွယ်တာလေးထိုးနေတာ...ဆောင်းဝင်ရင်ဖြစ်ဖြစ်၊ မိုးအရမ်းအေးတဲ့နေ့တွေ ဖြစ်ဖြစ် ဝတ်လို့ရအောင်လို့...''

" မေမေအရင်က ပေးထားတဲ့ အနွေးထည်တွေရှိပါသေးတယ်...မေမေရယ်။ နားနားနေနေ နေနော်''

ထိုအချိန်မှာ အိမ်ရှေ့မှ စူးရှကျယ်လောင်သော ပန်းမေ၏ အော်သံ...။

" ရသ...''

နှစ်အိမ်ပဲ ခြားပေလို့ပေါ့...။ မဟုတ်ရင် အဝေးကြီးက လာရတယ်ဆိုပြီး သူ့အိမ်ရှေ့ သေအောင်အော်နေမှာ။အဲ့ဒီသူဌေးသမီးကလည်း အိမ်ကပို့ပေးတဲ့ကားနဲ့မသွားပဲ ခုနှစ်တန်းလောက်ထဲက ကျောင်းကိုသူနဲ့သာ လမ်းလျှောက်သွားနေကျ...။ ပန်းမေက အိမ်တံခါးကိုတွန်းကာ အိမ်ထဲသို့ ဝင်လာပြီးမေမေ့အား နှုတ်ဆက်လေသည်။

ကျောင်းချိန်နီးနေပြီဖြစ်သဖြင့် နှစ်ယောက်သားလည်း အိမ်မှထွက်ကာ လမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ခါတိုင်းဆို ပန်းမေက စကားတွေပေါက်ပေါက်ဖောက်အောင် ပြောနေပေမယ့်လည်း ယနေ့တော့တိတ်ဆိတ်နေသည်။ ရသလည်း...

" ပန်းမေ...ဘာဖြစ်နေတာလဲ?''

" ဟင်...ဘာမှမဖြစ်ပါဘူးဟာ။ ဒီအတိုင်းပဲ...''

" နင်ဒီနေ့ စကားတော်တော်နည်းနေလို့''

" အင်း...အဲ့ဒါကလည်း ဒီအတိုင်းပဲ''

" သြော်...ဒီအတိုင်းနေလိုက်တော့...အဲ့ဒီမှာ''

" ဟီးဟီး...နောက်တာပါ။ ငါပြောရဦးမယ်...ဟိုအကောင်ကို သတိပေးထားစမ်းပါဦး...နင်က သူတစ်ယောက်ထဲ ပိုင်တာကျနေတာပဲ။ ငါလည်း နင့်သူငယ်ချင်းနော်...သူက နောက်မှနင်နဲ့ခင်လာပြီးတော့...''

မင်းရသလည်း သက်ပြင်းသာချမိပါတော့သည်။

" ဘာတွေဖြစ်ရပြန်တာလဲ...''

" ဖြစ်တာကတော့ အများကြီး။ နင့်အတန်းငါလာရင်များ ငါ့ကိုရန်ထောင်နေတာ။ အဲ့ဒီလောက်ဖြစ်နေတာ...နင့်ကိုကြိုက်နေလားမသိဘူး''

From My Tears...On viuen les histories. Descobreix ara