အခန်း ၁၈ (Unicode+Zawgyi)

Magsimula sa umpisa
                                    

" ငါမင်းကိုမေးနေတယ်လေ...''

သူ့အားစိတ်ပျက်ဟန်တစ်ချက်ကြည့်ကာ ကျွတ်စုတ်သပ်လိုက်သူ...။ ထို့နောက် ကားတံခါးပေါ်က သူ့လက်အားဖယ်ချကာ...

" မင်းနဲ့မဆိုင်ဘူးထင်တယ် မင်းရသ။ ''

" ဆိုင်တယ်လေ...ငါက''

" မင်းဒီနေရာမှာတင် စကားကိုရပ်လိုက်ရင် ကောင်းမယ်။ ငါတို့ပက်သက်မှုက စာချုပ်ပေါ်ကပဲ။ မင်းနဲ့ငါနဲ့က အရမ်းချစ်ကြလို့ တစ်ယောက်နဲ့တစ်ယောက်မြတ်နိုးလွန်းလို့ လက်ထပ်ထားကြတာ မဟုတ်ဘူးဆိုတာ မင်းမမေ့နဲ့ မင်းရသ။''

စကားနာတွေကြောင့် ရသဝမ်းနည်းစွာ ကြည့်နေစဥ်မှာပဲ မောင်က ကားကိုဝူးခနဲမောင်းထွက်သွားလေသည်။ ဘာလို့အမြဲတမ်း ငါဒီလိုချန်ရစ်ခံခဲ့ရတာလဲ? ငါ့ဘဝမှာ အမြဲတမ်း...။

ထိုနေရာလေးမှာပဲ ရသထိုင်ချကာ မျက်ရည်ကျမိသည်။ထိုလူနှင့်ပက်သက်လျှင် ယောက်ျားတန်မဲ့ မျက်ရည်ကျတတ်သည့် ကိုယ့်ကိုကိုယ်မုန်းသည်။ အခုဆိုလျှင် ဒီအိမ်ကြီးမှာ သူ့တစ်ယောက်ထဲ။ဘယ်အချိန်ပြန်လာမလဲမသိသူက သူ့အားစွန့်ခွာသွားလေသည်။အားငယ်သည်ဟူသော ခံစားချက်က ရင်ဘတ်ထဲအရှိန်တစ်ခုဖြင့်တိုးဝင်လာခဲ့သည်။ အရာအားလုံးက ငါမင်းကို အရူးစိတ်ပေါက်လောက်အောင်၊ ငါ့ဘဝငါတန်ဖိုးမထားတတ်အောင် ချစ်မိလို့။ မင်းကိုချစ်မိလို့...။

တစ်နေ့နေ့တစ်ချိန်ချိန်မှာတောင် ဒီဝဋ်ကကျွတ်နိုင်မယ်လို့ ငါမထင်ဘူး...။ မင်းကို နောက်နောင်ဘဝထိတောင် ချစ်သွားချင်မိတဲ့ငါ့မှာ ဝဋ်ကြွေးဆိုတာ နောက်ဘဝအထိ သယ်သွားရမယ့်အရာ...။ မကြေနိုင်တော့ပါပဲလား...။

____________

နှိုင်းခစေတန်ရဲ့ရှေ့သို့လာပြီး မိမိလက်ထဲက ဝီစကီခွက်ကို ယူကာမော့သောက်လိုက်ပါသော သူမ...။ နှိုင်းခစေတန်သည် သရဖီဆောင်းအား တစ်ချက်မျှသာ ကြည့်လိုက်ပြီး ရှေ့ကိုသာပြန်ပြီးအကြည့်ပို့လိုက်သည်။ပက်သက်လိုစိတ်မရှိပေမယ့် အခုချိန်မှာ သူလည်းမငြင်းဆန်နိုင်။သူမက နှိုင်းပုခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်ကာ...

" သရဖီထင်တာမလွဲဘူးပဲ...စေတန်ဒီကိုလာမယ်ထင်လို့စောင့်နေတာ''

From My Tears...Tahanan ng mga kuwento. Tumuklas ngayon