Ep37

5.6K 435 8
                                    

"မောင်ရေ မောင်ကလည်းကွာ ကိုယ်ကသွားတာ မကြာပါဘူး
အဆိုးလေးရယ်"

လွန်း အင်္ကျီအဝတ်အစားလဲရင်း ကုတင်ပေါ်က ဆူပုတ်နေတယ့် သားအဖတွေကို ပြောလိုက်သည်။

ကုတင်ပေါ်မှာ အရုပ်ကလေးတွေ ကိုယ်စီပိုက်ရင်း
သူတို့ကို ချော့မသိပ်လို့ ဆူပုတ်နေတယ့် ကလေးတွေနဲ့အပြိုင် ဆူနေတယ့် မောင်ကပါ ကုတင်ပေါ်မှာ ထိုင်နေသည်။

အွန်း ဒီကလေးတွေကတော့
လွန်းကလေးတွေကို မသွားခင်
လက်ကလေးဆွဲကာ သူတို့လေးတွေ အိပ်တယ့် အခန်းကိုခေါ်လာရင်း
ချော့သိပ်ရသည်။

ကုတင်ကျယ်ကြီးပေါ်မှာ အတူတူဖက်အိပ်နေတယ့် ကလေးလေးတွေကို သူပါ ဝင်လှဲကာ
ချော့သိပ်ရသည်။
သမီးလေးနဲ့ သုလေးက အိပ်ပေမယ့် ထက်ရှားလေးကတော့

လက်ကိုဆွဲထားကာ မော့ကြည့်နေသည်

"သားသား ဘာဖြစ်လို့လဲဟင် အိပ်မပျော်ဘူးလား ပါပါးပူတူးလေးရယ့် ရွှတ်စ်"

လွန်း သားလေးရယ့် ပါးဖောင်းဖောင်းလေးကို နမ်းတော့ သားက ပြန်အာဘွားပေးပါသည်။

လွန်း သားရယ့် ကိုယ်လေးကို ဖက်ထားကာ သုလေးနဲ့ သမီးလေး မနိုးစေရန် စကားတိုးတိုးလေးဖြင့်

"ပြောပါဦး ပူတူလေး မပြောရင်
ပါးကြီးကို နမ်းပစ်မှာ မွှစ် ရွှတ် ရွှတ်"

"အွန်း ~~ပါပါး အပြင်သွားမလို့လား"

"အွန်း ပါပါး အပြငိခနသွားမလို့လေ
ဘာလို့လဲ သားသား"

"သုလေးဗိုက်ဆာလို့ ပါပါးပြန်မရောက်သေးရင် ဘယ်လိုလုပ်မလဲ"

ချစ်စဖွယ်ပြောနေတယ့် သားသားရယ့်
နှာခေါင်းလေးကို လက်ကလေးနဲ့ အသာဆွဲကာ

"ကဲပါဗျာ သုလေးအတွက် စိတ်မချရင်လည်း ပါပါး စားဖို့လုပ်ပေးခဲ့မယ် ဟုတ်ပြီလား"

"ဟုတ် "

ချက်ချင်း မျက်လုံးလေးမှိတ်ကာ အိပ်တော့မယ့် သားသားရယ့် နှာဖူးလေးကို နမ်းကာ စောင်ပါးလေးခြုံပေးရင်း ထွက်လာတော့
အခန်းဝမှာ.ညဝတ်အင်္ကျီနဲ့ ဆူပုတ်ပုတ် ရပ်စောင့်နေတယ့် မောင်ပါလေ။

Simple(Complete)Donde viven las historias. Descúbrelo ahora