Ep21

6.5K 522 21
                                    

"မောင်ရင်မရွေးတော့ဘူးလား"

ရိုင်းဧကရာဇ် ထွက်လာလာချင်း
ကြားလိုက်ရတယ့် လက်ခုပ်သံနဲ့ ပိတ်သွားတယ့် တံခါးမကြီး

"ခင်ဗျား"

မောင်ကလည်း လက်ကိုတင်းတင်းစွဲထားကာ
သစ်ကလည်း သူ့အိတ်ထဲက ကြာပွတ်ကို ထုတ်ပြီးသား

"လောလိုက်ကျတာ မောင်ရင်တို့ရယ်
ဖြေးဖြေးပေါ့ ပါတီမှာ အေးဆေးစကားပြောတာပေါ့ "

ရိုင်းဧကရာဇ် သေနတ်ကို ထုတ်မယ်လုပ်တော့

"ရပ်လိုက် မောင်ရင်
မင်းကြည့်ပါဦး ဒီတစ်ခန်းလုံး
အန်ကယ်ရယ့် လူတွေကြီးဘဲနော်"

"ဒါဆိုလည်း ခင်ဗျားမေ့နေတာလား
ဒါ ကျွန်တော်ပိုင်နက်ဆိုတာ"

ရိုင်းဧကရာဇ် သူများပိုင်နက်ထဲမှာ
လာပြီး ပိုင်စိုးချင်နေတယ့်သူကို ကြည့်ရင်း
ခပ်ထေ့ထေ့ရယ်မိပါသည်။

"မောင်ရင်က ဒီကလေးကိုများ အားကိုးနေတာလား"

မိုက်ကယ်လ် ခေါ်လိုက်တာနဲ့ ဘေးနားရောက်လာတာက ဟိုတယ်အတွက် သူတို့ထည့်ထားတယ့်
တိုက်ခိုက်ရေးသမား

"မင်း သစ္စာ ဖောက်ရဲ တယ်"

အံ့ကြိတ်ကာ ပြောလိုက်တယ့် ရိုင်းဧကရာဇ်ရယ့် အေးစက်တယ့်အသံက
ခန်းမတစ်ခုလုံးကို ဖြန့်ကျက်လျက်
မိုက်ယ်လ်ဘေးက သမီးငယ်ဆိုတယ့်သူကပါ အနည်းငယ်တုန်တက်သွားလေသည်။

လွန်းသုထက်ကတော့ ဘေးနားက ကိုယ်ရံတော်တွေကို တစ်ခုခုဆို မောင့်ကို ကာကွယ်ဖို့ အချက်ပြလိုက်သည်။

"ဆောရီးပါဗျ ခေါင်းဆောင် မဟုတ်သေးဘူး ဦးရိုင်းဧကရာဇ် ကျွန်တော်က ကျွန်တော့အတွက် အကျိုးရှိတယ်သူနဲ့ ပူးပေါင်းလိုက်တာပါ။"

  "မင်း ပူးပေါင်းတာ အပြစ်မဟုတ်ပါဘူး
သစ္စာဖောက်တာအတွက်တော့ တန်ရာတန်ကြေးပေးရမယ်လေ"

ရိုင်းဧကရာဇ်ရယ့် မျက်နှာဟာ မကောင်းဆိုးဝါးဆန်စွာ ကြောက်ရွံ့ဖွယ်ဖြစ်လာသည်။

ထို့နောက် ရိုင်းဧကရာဇ် ကိုကို့ကို တိုးတိုးလေး ချော့ပြောမိပါသည်။

Simple(Complete)Where stories live. Discover now