Ep30

6.1K 446 4
                                    

"အား ကျွတ်စ် နာလိုက်တာ မောင်ရေ
အ့ နာတယ်  ကြောင်ဆိုးလေးရာ"

လွန်းသုထက် နောက်ကနေ တင်းကျပ်စွာ ဖက်ထားတယ့် ကြောင်ဆိုးလေးကြောင့် မနေနိင်စွာ နိုးထလာခဲ့သည်။

ညကတည်းက ဒီလိုပုံစံနဲ့ တင်းကျပ်စွာ ဖက်ထားတယ့် ကြောင်ဆိုးလေးဟာ
အခုထိလည်း မလွှတ် လွန်းသုထက် နည်းနည်းလေး လှုပ်မိရင်ကိုပင်
ပိုပြီး တိုးဖက်ထားလာခဲ့သည်။

ဒါကြောင့် ခါးသေးသေးလေးဖြစ်နေတယိ့ လွန်းက ရိုင်းရယ့် ကြီးမားတယ့် လက်မောင်းတွေကြား မခံနိုင်စွာ ရုန်းထွက်မိသည်။

လွန်းနောက်ကို အသာလေး လှည့်ကာ
မောင်ကို လှုပ်နိုးရသည်။
မနိုးလို့မရ

"မောင်ရေ မောင် ခနထကွာ မောင်"

လွန်း အတော်ကြာ လှုပ်နိုးမှ နိုးလာတယ့်မောင်က  ထပ်၍ပင်ဖက်လိုက်သေးသည်။

"မောင် ကိုယ်ခါးနားတယ်ကွာ"

ချက်ချင်းထထိုင်လိုက်မိတာကြောင့် ရိုင်းခေါင်းက ရိပ်ခနဲ
ဒါပေမယ့် ကိုကိုရယ့်ခါးကိုသာ စုပ်ကိုင်လိုက်ရင်း

"တော်တော် နာသွားလားကိုကို
မောင်တောင်းပန်ပါတယ် သတိမထားမိလိုက်လို့ ကိုကိုနာသွားရတာ"

လွန်းလှဲနေရာကနေ ကုတင်ကို တဝက်မှီပုံစံဖြင့်နေလိုက်ကာ
မောင့်ရယ့် စိုးရိမ်နေတယ့် မျက်နှာလေးကို ထိကိုင်ရင်း

"မောင်ရယ် ကိုယ်ဘာမှမဖြစ်ပါဘူး
အဆိုးလေးရယ် မစိုးရိမ်ပါနဲ့"

"ဒါပေမယ့် "

"ရပါတယ်ကွာ မောင်ကလည်း ကိုယ်မှမဖြစ်ဘူး မဆိုသလောက်လေး နာသွားရုံပါ အားယို့လာ အချွဲလေး ချစ်တဲုးလေး"

လွန်းမောင့်ကို ဆွဲကာ ပေါင်ပေါ်ခေါင်းအုံးစေရင်း တဖွဖွလိုက်နမ်းကာ ကလိထိုးနေလိုက်သည်။

"ကိုကို ချစ်လားမောင့်ကို"

"အွန်း ချစ်တယ်"

"ကိုကို "

"ဗျာ "

"ကိုကို"

"တော်တော့့ကွာအလုပ်သွားရတော့မယ် ထတော့"

"မောင် အိပ်ချင်သေးတယ်"

Simple(Complete)Where stories live. Discover now