Ep12

8.2K 646 23
                                    

*ချစ်တယ်ကိုကို ပြီးတော့ မောင့်အနားမှာနေပေးလို့ ကျေးဇူးတင်ပါတယ်*

လွန်းသုထက်ကတော့ နမ်းရှိုက်မှုအပြီးမှာ ကိုယ်ပေါ်ကနေထလိုက်ရင်း

"သွားမောင် မျက်နှာသစ်တော့ ကြောင်ဆိုးလေး ညစ်ပတ်နေတာဘဲ"

ဒါတောင် အခုထိ ထွက်သွားမှာ စိုးလို့ လိုက်ကြည့်နေတယ့် မောင်ကြောင့် အတင်းထခိုင်းကာ

"သွားတော့ မျက်နှာသစ် ရေချိုး
လူက ညစ်ပတ်နေပြီ ကြောင်ချီးရုပ်လေးဖြစ်နေပြီ သွား"

"ကိုကိုနော် မောင့်ကို အ့ နာတယ်"

လွန်းသုထက် အသည်းယားစွာ
ထိုင်ခုံမှာ ထိုင်နေဆဲ မောင့်ရယ့်
နှာခေါင်းချွန်ချွန်လေးကို ဆွဲညစ်လိုက်ပါသည်။

"ဘာကိုကိုနော်လည်း ချွဲစိန်လေးသွားတော့"

နှာခေါင်းတစ်ချက်ရှုံကာ အပေါ်ထပ်ကိုမတက်ခြင်တက်ခြင်နဲ့ တက်သွားတယ့် မောင်က

ထမင်းခူးလို့ပင် မပြီးသေး
ဝုန်းဒိုင်းကျဲကာ အောက်ထပ်ကို ပြေးဆင်းလာပြီး
စားပွဲမှာ ဝင်ထိုင်ကာ ခါးကိုလှမ်းဖက်ထားပြန်သည်။

"ထိုင်တော့မောင် ထမင်းသေချာစား"

"အွန်း အရမ်းစားကောင်းတယ်
ဒါနဲ့ကိုကိုက ကြက်စွပ်ပြုတ်ဘာလို့သောက်တာလဲ"

ရိုင်းဧကရာဇ်ရဲ့ အမေးကြောင့် လွန်းသုထက်မျက်နှာလေးရဲတက်သွားသည်။

"ကိုယ် ဟိုလေ ကိုယ် ဗိုက်အောင့်နေလို့"

"ဟင် ဘယ်လိုဖြစ် အာ
တောင်းပန်ပါတယ် ကိုကို မောင်ကြောင့်"

"တော်ပြီ တော်ပြီ ထမင်းစားတော့မယ်"

ရိုင်းဧကရာဇ်ကတော့ သူရှေ့ကနေ အရှက်သည်းစွာ စွပ်ပြုတ်ပန်းကန်ထဲ ခေါင်းဝင်မတတ် စားနေတယ့် ကိုကို့ကိုကြည့်ရင်းရယ်မိတော့ ဘုကြည့်ကြည့်လာသည်။

ဒါနဲ့ဘဲ မသိခြင်ယောင်ဆောင်နေလိုက်သည်။

*ကိုကိုက အရမ်းချစ်ဖို့ကောင်းတယ်
ဒီလိုပုံစံကိုလဲ မောင်ဘဲ မြင်ရလို့ ပျော်တယ်*

...............................................................

"မောင်ရေ နော်လို့ လုပ်ပါမောင်ရာ
မောင်ရေ~~~~"

Simple(Complete)Donde viven las historias. Descúbrelo ahora