."ကိုကိုအဘိုးက တွေ့ချင်တယ်လို့ပြောတယ် ခေါ်လာခဲ့တယ့် အဲ့ဒါ ကိုကို့အနေနဲ့ရော"
"မောင်အဘိုးဘဲ သွားရမှာပေါ့"
ရပ်ထားတယ့် ကားလေးဟာ အတော်အတန်ကြာတယ့် အထိ တိတ်ဆိတ်နေပြီး ခနအကြာမှာ
မောင့်ရယ့် စိတ်ရှုပ်သံတစ်ချို့ထွက်လာသည်။"တကယ်လို့အဘိုးက မောင်တို့ကို သဘောမတူရင်ရော"
"မောင်ကရော မောင့်အဘိုးသဘောမတူတာနဲ့ ကိုယ့်ကို ခွဲနိုင်လို့လား"
"အဟွန်း တခါတည်းကိုကိုနဲ့ လက်ထပ်ပစ်မှာ ဒီလိုလုပ်ပါလား
ကိုကို မောင်တို့ အရင်လက်ထပ်ရအောင်"လွန်းသုထက်မှာ မောင့်စကားကြောင့်ရယ်ရခက် ငိုရခက်
လူကြီးက ဘာပြောမှန်းမသိသေးဘူး
မျက်နှာငယ်လေးနဲ့ လက်ထပ်ခွင့်တောင်းနေပြီ။"ကိုယ်တို့ စဉ်းစားကျတာပေါ့
မောင်အဘိုးနဲ့လည်း အရင်တွေ့ကြည့်မယ်လေ""ကိုကို ကျွန်တော့ကို လက်မထပ်ခြင်လို့လား"
"အာ မဟုတ်...မဟုတ်ရပါဘူး
ဒါပေမယ့် လူကြီးကို စိတ်မဆိုးစေခြင်ဘူးလေ အဲ့ဒါကြောင့်""အားယို့ ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ
အားလုံးကို စဉ်းစားပေးတယိ မွှစ်""တော်တော့လေ မောင် အားယားတယ်
တော်တော့လို့"တစ်ကိုယ်လုံးကို သူ့ကိုယ်ပေါ် တင်ကာ
အတင်းလိုက်နမ်းကိုက်ဖဲ့နေတယ့် မောင်ပါလေ။"အဆိုးလေး နမ်းလို့ဝပြီလား"
"အဟွန်း ကျွန်တော်က ဘယ်တော့မှ ကိုကို့ကို နမ်းလို့ဝမှာ မဟုတ်ဘုး"
"အာ မောင်ကတော့လေ"
"ကိုကို မောင်ပုံစံက ကြောက်ဖို့မကောင်ဘူးလားဟင်"
အတင်းဖကိထားရာကနေ ရင်ခွင်ထဲ ခေါင်းတိုးဝငိကာ မျက်လူံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့မေးနေတယ့် ကြောင်ဆိုးလေးကြောင့် လူဟာ အကြိမ်ကြိမ်ကြွေ
သေချာဖီးထားတယ့် မောင့်ဆံပင်လေးတွေကို လက်နဲ့ထိုးဖွလိုက်ကာ
"ကြောက်ဖို့ကောင်းနေရင်ရော
ကိုယ်က ချစ်နေပြီလေ ဒီကြောင်ဆိုးလေးကို ဘာဆက်တွေးစရာလိုသေးလဲ"
YOU ARE READING
Simple(Complete)
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး