Ep1

21.3K 1.4K 6
                                    

မိုးတွေရွာနေတယ့် နေ့တစ်နေ့
လေတွေပါတိုက်ကာ အေးနေပေမယ့်
မိုးမခြိမ်းတာကြောင့်
ဒီနေ့ဟာ လွန်းအတွက်
အွန်းနေလို့ကောင်းတယ့် နေ့လေးလေ
စောင်ခြုံထဲကွေးပြီး
ရုပ်ရှင်လေးကြည့်လိုက်လို့ကတော့
အားယို့ တော်တော်နေလို့ကောင်းမှာ
ဒါပေမယ့် ခုတော့အဲ့လိုမဟုတ်ဘူး
ထမင်းရှာကျွေးနေတယ့် ကော်ဖီဆိုင်လေးကို ဆိုင်ပိတ်ချိန်ထိ ထိုင်စောင့်ရဦးမည်။

လွန်းသုထက် ကောင်တာတွင်
ချောကလတ်ကိတ်ကလေးနဲ့
babble teaတစ်ဘူးဖြင့်
ထိုင်ကာ ငိုက်နေမိသည်။

ဆိုင်မှာ ဝန်ထမ်းတွေလည်းမရှိတော့
ညနေမိုးရွာခါနီးထဲက
သူတို့ကို မိုးမိရင်ဖျားမှာဆိုးလို့
အစောကြီးပြန်လွှတ်ထားလိုက်သည်မလား။

ကော်ဖီနံ့လေး သင်းနေတယ့်ဆိုင်လေးထဲမှာ မိုးလေးအေးအေးနဲ့
ဖွင့်ထားတယ့်သီချင်းလေးကလည်း (The day you went away)
လွန်းသုထက်အရမ်းကြိုက်တယ့်
သီချင်းလေးပေါ့

သီချင်းလေး လိုက်ညည်းရင်း
နာရီကိုကြည့်တော့
၈နာရီခွဲနေပြီဖြစ်တာကြောင့်
ဆိုင်ပိတ်ရတော့မည် ဒီအချိန်လိုမျိုး
မိုးရွာနေရင် ဝယ်သူမလာလောက်တော့ဘူး။

အရင်နေ့တွေက ဆိုင်ပိတ်ပြီး စက်ဘီးလေးနဲ့ အိမ်ပြန်သော်လည်း
ခုက မိုးတွေပိုသည်းလာပြီမလို့
ဆိုင်အပေါ်ထပ်က
နားနေကြအခန်းလေးမှာသာ
အိပ်ရန်ပြင်လိုက်သည်။

ခုတော့ ဆိုင်ပိတ်ရမှပေါ့
အရင်ဆုံး openဆိုတယ့် စာတန်းလေးအား closeအဖြစ်ပြောင်းလိုက်ကာ ဆိုင်ထဲ တံမြတ်စည်းလှဲ စားပွဲခုံတိုက်လုပ်နေလိုက်သည်။

စားပွဲခုံတွေ သန့်ရှင်းရေးလုပ်နေစဉ်
တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားရတာကြောင့် မှန်အပြင်ကို ကြည့်လိုက်တော့ ဘယ်သူမှမရှိ
မိုးတွေသည်းနေတာကြောင့် ဘာမှတောင် သေချာမမြင်ရဘူး။

ဒါပေမယ့်လည်း စိတ်ထဲမသန့်တာမလို့ လိုက်ကာပိတ်ရန် လုပ်လိုက်စဉ်

"ဘုန်း "

"အမေ့ရေ ကယ်ကြပါဦး ဘာကြီးလဲမသိဘူး "

Simple(Complete)Where stories live. Discover now