Ep25

6.1K 463 12
                                    

ရိုင်းဧကရာဇ်နှစ်ခြိုက်စွာ အိပ်နေပေမယ့်
သူ့ဘေးနားက အနွေးဓာတ်လေးကိုမရတာနဲ့ အိပ်ရာက နိုးလာခဲ့သည်။

နိုးလာလို့ နာရီကြည့်လိုက်တော့
အချိန်က ၃နာရီခန့်မျှသာ ရှိသေးသည်။
လေယာဉ်က ၁၁ခွဲလောက်မှ ထွက်မှာ.အများကြီးလိုသေးတယ်
ကိုကိုဘယ်ကိုရောက်နေတာလဲ

ရိုင်း ကုတင်ကနေထကာ
လိုက်ရှာတော့ ဘေးဘက်ကဝရံတာလေးဘက်ထွကိကာ
လေညှင်းခံနေတယ့် ကိုကို

ရိုင်းနောက်ကနေသွားကာ ဖက်လိုက်ရင်း
လေတိုက်ခံထားလို့ အေးနေတယ့် ကိုကို့လက်ကလေးကို စုပ်ကိုင်ထားကာ
သူ့ရယ့်လက်ဖဝါးကြီးတွေနဲ့ နွေးထွေးအောင် လုပ်ပေးတော့
ကိုကိုက သဘောတကျရယ်နေပါသည်။

"မောင် မအေးဘူးလား
အင်္ကျီလက်တိုနဲ့ကွာ သွား အပေါ်ထပ်လေးသွားစွပ်"

လွန်း အင်္ကျီလက်တိုနဲ့လူကို တက်းကျပ်အောင်ဖကိထားတယ့် မောင့်ကို ပြောတော့ မောင်ကမကြားချင်ယောင်သာ ဆောင်နေပါသည်။

"မောင်ရေ သွားကွာ အပေါ်ထပ်လေးသွားဝတ် အင့်"

ရိုင်းဧကရာဇ် စကားများနေတယ့်
ကိုကို့ကို ပွေ့ချီကာ ဝရံတာပေါ် ထိုင်စေလိုက်တော့ မျက်နှာချင်းဆိုင်ဖြစ်သွားတယ့် ကိုကိုရယ့်
လက်သွယ်သွယ်ဖြူဖြူအုအုလေးတွေက
ပုခုံးပေါ် တွယ်ထားပြီးသား

"မောင် ဖြေးဖြေးပွေ့တာမဟုတ်ဘူး
ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "

လွန်း ဆူသလိုလေးပြောတော့
မောင်က ရယ်မြဲအတိုင်းရယ်နေကာ
ပါးကိုလာနမ်းရင်း သူရယ့် နှုတ်ခမ်းမွှေးနည်းနည်းထွက်နေတယ့် မေးစေ့နဲ့ လည်ပင်းကို ပွတ်ဆွဲလာရင်း တစ်ချက်ချက် ဖိကိုက်လာသည်။

"မောင်! ပြုတ်ကျမယ်"

"မောင်က ကိုကို့ကို ပြုတ်ကျခံမယ့်သူမျိုးလားလို့ဟင်
မောင်နှလုံးသားလေးကို မောင်ဘယ်တော့မှ ထိခိုက်ခံမှာမဟုတ်ဘူး"

"ဟားဟား ယားတယ်မောင်
မောင် ဟားဟား ယားတယ် တော်တော့ကွာ"

တောက်လျောက်လိုက်နမ်းနေတယ့်မောင်ကြောင့် လွန်းမောင်ရယ့် ရင်ဘက်ကို ဖွဖွလေးတွန်းထားမိပါသည်။

Simple(Complete)Where stories live. Discover now