Ep20

7.3K 502 7
                                    

"မောင် ထမင်းမစားသေးဘူးလား"

လွန်းသုထက် မနက်နိုးတည်းက သူနဲ့ခန နေပြီး လက်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ့်မောင့်ကို
ဘေးနားက သွားထိုင်ကာမေးလိုက်သည်။

"အွန်း မောင်တို့ မင်္ဂလာဆောင်အတွက် နေရာရွေးနေတာ ကိုကို"

"ကိုယ်လည်း ကြည့်ချင်တယ်"

လွန်းလည်း ဘေးနားမှာ ထိုင်နေရာကနေ
မောင်ရယ့် ဆွဲပွေ့မှုကြောင့် မောငိ့ရယ့်ပေါင်ပေါ်သို့ ထိုင်လျက်သား

"ချစ်လိုက်တာ ကိုကွိုကို မွှစ်"

"ကိုယ်လည်း အဆိုးလေးကို ချစ်ပါတယ် "

ခုအနေထားက လွန်းသုထက်က
ရိုင်းကေရာဇ်ပေါင်ပေါ်မှာ ဘေးတစ်စောင်းထိုင်နေပြီး လည်အင်းကို တစ်ဖက်က သိုင်းဖက်ထားကာ
နောက်တစ်ဖက်က လက်တော့ကို အတူတူကိုင်ပြီး နေရာရွေးနေကျသည်။

ရိုင်းဧကရာဇ်ကတော့ သူ့စိတ်ထဲက
ဒါမျိုး နေရာတာကို အရမ်းသဘောကျနေသည်။
ကိစ္စတစ်ခုလုပ်တိုင်း စိတ်နှစ်ထားတတ်တယ့် ကိုကိုက
အခုလည်း အရာအားလုံးကို မေ့လျော့ကာ အလုပ်လုပ်နေသည်။
ဘေးနားကနေ မြင်နေရတယ့် ကိုကိုရယ့် နှုတ်ခမ်းလေးက သူနေ့တိုင်းနမ်းနေတာကြောင့် ဖူးဖူးလေးဖြစ်နေကာ ရှပ်အဖြူကနေ ပေါ်နေတယ့် လည်တိုင်ဖွေးဖွေးလေးကလည်း လှပစွာ

ရိုင်းဧကရာဇ်ကြည့်နေရာကနေ မျက်မှောင်ကြုတ်မိသွားသည်။

*အမှတ်ရာတွေ ပျောက်သွားပြန်ပြီ*

လွန်း နေရာလေးတွေ ကြည့်နေရာကနေ
အတင်းဖက်ကာ လည်ပင်းကို
ကိုက်နေတယ့် အဆိုးလေးကြောင့် နာကျင်သွားကာ လှည့်ကြည့်တော့ မျက်နှာငယ်လေးနဲ့ အဆူခံရတော့မယ့်
ကလေးလေး မျက်နှာချိုသွေးနေတယ့် ပုံစံနဲ့လာပြောပါသည်။

"မောင်က အမှတ်အသားတွေပျောက်နေလို့တယ့်
ထပ်လုပ်ပေးတာ"

"မောင်ရယ် တစ်ခါလောက်လည်း ပျောက်ပါစေဦး"

လွန်းသုထက် နှုတ်ခမ်းဆူစွာ ပြောမိတော့
မောင်က ရယ်မောကာ

"မရပါဘူး မောင့်ကတော့ အဲ့လို အမှတ်အသားတွေကို ကြည့်ရတာ ပိုကြိုက်တယ် ကိုကိုက မောင့်ကို ငြိုငြင်တာလား"

Simple(Complete)Where stories live. Discover now