Ep24

5.8K 500 12
                                    

"ဒါဆို နက်ဖြန်ပြန်ကြမယ်လေ

မင်္ဂလာပွဲအတွက် စီစဉ်ကျတာပေါ့"

"အွန်း"

"ကိုကို ရေဆော့ရအောင်
မောင်တို့ဒီနေ့ ရေအဝဆော့မယ်နော် "

ကလေးလေးတစ်ယောက်လို
အသည်းအသန် တောင်းဆိုနေတယ့် မောင်ကြောင့်
အင်း ဘာမှမဖြစ်ပါဘူး
လိုက်လျောလိုက်ပါ့မယ်

"အ့န်း ထတော့ မျက်နှာသစ် ပြီးရင်
ကမ်းခြေကို သွားကျမယ်"

"ဟုတ် သွားမယ်"

စောင်တွေကိုပါ ကန်ချကာ
ရေချိုးခန်းထဲ ပြေးဝင်သွားတယ့်မောင်ကြောင့် လွန်းခေါင်းလေးတခါခါရယ်မိသည်။

"တကယ်ပါလေ ဒီကလေးလေးကတော့"

မောင် သဘောကျ ရေဆော့လိုက်တာ
နေ့လည်အထိ ရောက်သွားသည်။
မောင်က ရေထဲကနေ မတက်သေးတာကြောင့် လွန်းမှာ ချမ်းတာ တုန်တောင် တုန်လာသည်။

ဒီလိုပျော်နေတယ့်မောင့်ကို မတားချင်ပေမယ့်လည်း လူကမရတော့
နကိုတည်းက ပန်းနာရင်ကျပ်ရောဂါရှိတာကြောင့် လူက အပူအအေးသိပ်မခံနိုင် ခုတော့ပြန်ပါ ကျပ်ချင်လာပြီ

မောင်မသိခင် အခန်းထဲမှာ ဆေးကြိုသောက်မှပါလေ တော်ကြာအဆိုးလေးအရမ်းစိတ်ပူနေဦးမယ်

"မောင်ရေ နေ့လည်လည်း ရောက်နေပြီ အခန်းပြန်ရအောင်နော်"

တခါမှ ဒါမျိုး အလည်ပတ်ခရီးမထွက်ဘူး မပျော်ဘူးတယ့် ရိုင်းဟာ ဒါမျိုးသွားရတယ့် အချိန်မှာ အရာအားလုံး အသစ်အဆနိးဖြစ်ကာ စူးစမ်းချင်နေတာကြောင့် ကိုကို ဘယ်လိုဖြစ်နေလဲဆိုတာကို မသိ

"ကိုကို ခနလောက်ဘဲနော်
ခနလောက်ဆော့ပြီး တက်ခဲ့မယ်လေနော် "

လက်ညိုးလေးတစ်ချောင်းထောင်ကာ
ကလေးလေးတွေ လိုချင်တာရဖို့ ပြောနေတယ့် မောင်ကြောင့်
လွန်းလည်း အဆင်ပြေမယ့် နည်းလမ်းကိုသာ ရွေးရပါသည်။

"ဒါဆို မောင် ဆော့နှင့်
ကိုယ်ပြန်နှင့်မယ်နော်"

ဘယ်လိုမှ ဆက်နေလို့မဖြစ်တာကြောင့်
လွန်းလည်းအခန်းကိုပြန်လာလိုက်ရသည်။

Simple(Complete)Where stories live. Discover now