Ep6.2

9K 734 7
                                    

လွန်းသုထက် နာရီနှိုးစက်သံနဲ့အတူ
နိုးထလာခဲ့သည်။

အိပ်ရာကနိုးပေမယ့်လည်း ထလို့တော့မရသေးဘူး ဘာလို့ဆို
ိရိုင်းဧကရာဇ်ဆိုတယ့် ကြောင်ဆိုးလေးက
ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး ဖက်အိပ်နေတာကြောင့် ဖြစ်သည်။

လွန်းသုထက်လည်း ရိုင်း မနိုးအောင် ကိုယ်လေးကို ဖြေးဖြေးခြင်းလှည့်ပြီး ထပေမယ့် ပိုပြီး တင်းကျပ်လာတယ့် လက်တွေကြောင့် ပါးစပ်ကနေတောင်
အင့်ခနဲ အသံထွက်မိသွားတယ်။

အားယို့ ခါးနာနေပြီ ဘယ်လိုနည်းနဲ့တောင်
အားသန်နေရတာလဲ

ရိုင်းရယ့် လက်ကလေးကို အသာလေးဖယ်ကာ ထမယ်လုပ်တော့
နိုးလာတယ့် ရိုင်းကြောင့် အားနာသွားသလို
ဆံပင်တွေထိုးထိုးထောင်ထောင်နဲ့
ဆူပုတ်နေတယိ့ ငှက်သိုက်ဆံပင်လေးနဲ့
ရိုင်းကြောင့် ခွီခနဲဆိုရယ်မိသည်။

"ကိုကို ကျွန်တော့ကို ဘာလို့ရယ်နေတာလဲ "

"ဘာမှမဟုတ်ပါဘူး ငှက်သိုက်ကေလေးနဲ့ ရိုင်းလေးက ချစ်ဖို့ကောင်းလို့ ဟားဟား"

ရိုင်းရဲ့ မျက်နှာရဲသွားသည်။
တစ်သက်လုံး ခပ်တည်တည်နေလာရာမှ
ဒီလူသားနဲ့ေ တွ့ရင် အဲ့အကျင့်တွေက ဘယ်ပျောက်မှန်းမသိ။

"ဟို ကျွန်တော် မျက်နှာသစ်တော့မယ် "

အုန်းခနဲ ထသွားကာရေချိုးခန်းထဲ ပြေးဝင်သွားတယ့် ရိုင်းကြောင့် လွန်းသုထက်ရယ်မိပါသည်။

ဒီကောင်လေး တကယ်ရှက်သွားတာထင်တယ်။

ရိုင်းဧကရာဇ် ရေချိုးပြီးတော့
ထွက်လာတော့ ကိုကိုက အခန်းထဲမှာ မရှိတော့ဘူး စောင်တွေပါ ခေါက်ထားပုံအရ အောက်ထပ်ဆင်းသွားပြီဘဲ ဖြစ်လိမ့်မည်။

ရိုင်းလည်း ဟိုဘက်အခန်းကို ပြန်ကာ
လည်ပိတ်ဆွယ်တာ နက်ပြာရောင်နဲ့ ကုတ်အင်္ကျီအမည်းကို ဝတ်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

"ရိုင်းလေး ဆင်းလာပြီလား လာအပြင်သွားရအောင် လိုက်မယ်မလား"

"ဘယ်သွားမလို့လဲ ကိုကို ဆိုင်လား"

"မဟုတ်ပါဘူး companyကို သွားမှာ
မသွားခင် ကုနိတိုက်မှာ လိုတာဝင်ဝယ်မလို့"

Simple(Complete)Where stories live. Discover now