Ep35

6.4K 444 21
                                    

"အို အေ့အေ့ အိုး ကျ့တ်စ် ကျွတ်စ်
ပူတူးလေးရယ် တိတ်နော် ကျွတ်စ်
အေးအေး ဟော ဟိုမှာ ကြည့်ပါဦး သားသားရယ် ဟိုမှာ ငှက်ကလေးတွေ "

"အူဝါးးးးးးးး အဟင့် အဟင့် "

"အိုး ကျွတ်စ်ကျွစ် ကလေးငယ်ရယ်"

လွန်းမှာ ဧည့်ခန်းမှာတင် အငယ်လေး(ဧကသုထက်)ကို
ချီကာ လမ်းပတ်လျောက်နေတာ ဘယ်နှစ်ခါမှန်း မသိတော့
အရမ်းငိုလာတော့ ဆိုဖာပေါ်က သူအမနဲ့အကိုကလည်း ကြည့်ကာ မျက်နှာလေး မဲ့နေပြီ။

အဲ့တာ မောင်ကြောင့် မောင်စုတ်
၈လကျော်ကျော်ကလေးတွေကို
ညနေစောစောပြန်လာမယ်ပြောတယ်
ပြီးတော့ လူကသာ TVထဲပါလာတယ် အပြင်မှာ မရောက်လာသေးတော့
သုလေးက ဒယ်ဒီငချွဲလေးလေ
ငိုနေတာ ထိန်းမရ
ဖုန်းဆက်တော့လည်း မကိုင်

၈လကျော်ကျော် သူ့ရယ့် ကလေးလေးတွေက
အကြီးလေး ထက်ရှားဧကရာဇ်က
အသားသိပ်မဖြူ ခပ်ညိုညိုဘက်သန်းကာ မောင်နဲ့ တူသည်။
မျက်လုံးတွေက စူးနေကာ မျက်လုံးအိမ်တွေကလည်း သူ့ဒယ်ဒီအတိုင်း

အလတ်လေး လွန်းဧကရီကတော့
သူ့ဒယ်ဒီလို မျက်ခုံးတွေ နှာခေါင်းဆင်းပုံတွေ တူပြီး သူသိပ်ချစ်ရတယ့် ငယ်လေးကို
မျက်ဝန်းဝိုင်းကြီးတွေ ပိုင်ဆိုင်ထားပြန်သည်။ အသားကတော့ သူနဲ့တူပေမယ့် အရမ်းတော့မနု

အားလုံး ခြုံငုံကြည့်ရင်တော့ အားလုံးက သူနဲ့တူတာ ရှားသည်။
သူနဲ့တူတာဆိုလို့ အသေးလေး
ဧကသုထက်ဘဲ ရှိသည်။
ဖြူနေတယ့် အသားနဲ့ နက်မှောင်နေတယိ့ ဆံပင်လေးတွေ မျက်လုံးတွေကလည်း သူနဲ့တူနေပြန်သည်။
တစ်ခုပါဘဲ ကလေးလေးက ကံဆိုးတာလား ကောင်းတာလား မသိ
ထူးခြားစွာ မျက်လုံးအရောင်က သူနဲ့ တစ်ဖက် မောင်နဲ့တစ်ဖက်တူနေသည်။
အွန်း ရှင်းအောင်ပြောရရင်
အစိမ်းလေးတစ်ဖက် မောင့်လို ရွှေညိုရောင်သန်းနေတယ့် မျက်ဝန်းတစ်ဖက်ပေါ့။

ငိုနေတယ့် သုလေးရယ့် တင်ပါးလေးကို ပုတ်ကာ ချော့ပေမယ့်လည်း ငိုတုန်း

သားရယ် မျက်လုံးတွေ နာကုန်တော့မှာဘဲ
လွန်း မောင့်ကိုပါ စိတ်တိုလာကာ ဆိုဖာပေါ်ထိုင်ရင်း ဆက်၍ ချော့နေသည်။

Simple(Complete)Where stories live. Discover now