"ကိုကိုရေ ထတော့လေ နေမကောင်းဖြစ်မယ် ကိုကို"
ရိုင်းဧကရာဇ် သူ့ရှေ့မှာ ခြေကားယားလက်ကားယားနဲ့ ပါးစပ်ကလေးဟစိဖြစ်ကာ အိပ်ပျော်နေတယ့် ကို့ကို အသည်းတယားယား
ပူနေတယ့် ဗိုက်ကလေးကလည်း
၅လကျော်ကျော်မို့ ချစ်စရာလေး
ကလေးလေးက ၃ယောက်မလို့ ပိုပူနေတာလေးတော့ ရှိတာပေါ့ခုတာ့ နိုးတာတောင် မထဘဲ မွေ့ယာကို ခြေထောက်ကလေးနဲ့ ပွတ်ကာ ထပ်အိပ်ဖို့ အရှိန်ယူနေတယ့် ကိုကိုကြောင့်
ပွေ့ချီရင်း ပေါင်ပေါ်တင်လိုက်တော့
ရင်ခွင်ထဲက ဂွမ်းလုံးလေးက
မျက်လုံးလေးကို ပွတ်ရင်းတ ဖြည်းဖြည်းနိုးလာသည်။ရိုင်း မျက်စိနာမှာကြောက်တာကြောင့် ကိုကိုရယ့် လက်ကိုဆွဲထားတော့ ဆူပုတ်ပုတ်ကြည့်သည်။
"ကိုကိုရယ် မောင်က မျက်လုံးနာမှာစိုးလို့ပါ။"
"အင့် သွားလူဆိုးကောင်
ငါအိပ်ချင်နေတာကို နိုးတယ်"လွန်းသုထက် ကိုယ်ဝန်ရှိတည်းက စိတ်အတက်အကျမြန်ကာ စိတ်ဆတ်လာသည်။
အခုလည်း မိုးလင်းလို့ နိုးလာတည်းက စိတ်မကြည် ပွေ့ထားတယ့် မောင့်ပေါ်ကနေ ကော့ပြန်လန်ကာ ရုန်းနေသည်။"ကိုကို ငြိမ်ငြိမ်နေလေ
မောင်က မနိုးရင် ကိုကိုနေမကောင်းဖြစ်မှာစိုးလို့ပါ။""အင့် လူဆိုးကောင် ဗိုက်ထဲက ပေါက်စီတွေကြောင့် ညက အိပ်မရပါဘူးဆို အင့် အင့် အူဝါးးးးးးး"
ဗိုက်ကို လက်ညိုးထိုးပြကာ
အင့်ခနဲနဲ့ မျက်ရည်တွေ မျက်လုံးအိမ်အပြည့် ဝိုင်းကျလာကာ
ကလေးတွေလို ထငိုတယ့် ကိုကိုကြောင့်
ရိုင်းမှာ ပြာယာဆဲဟုတ်လည်း ဟုတ်သည် ကလေးတွေက ခုတည်းက ဗိုက်ထဲကနေ နေ့ညမှားနေသလားထင်ရသည်။
ညကျရင် ကိုကိုကအိပ်မရတော့ မနက်ကျမထနိုင် တကယ်ပါလေ။
ငိုနေတယိ့ ကိုကို့ကို
ဒူးကနေလက်လျှိုရင်း ပွေ့ကာ
အခန်းထဲ ပွေ့ရင်း လမ်းလျောက်နေလိုက်သည်။
ဗိုက်ကလေးပါ ပါလာတော့ နည်းနည်းလေး ဝလာတာပေါ့"ကိုကိုရယ် တိတ်ပါနော်
မငိုနဲ့လေ ကိုကိုရယ့် ကလေးတွေ မျက်လုံးပြူးကုန်ရင် ဘယ်လိုလုပ်မလဲ"
YOU ARE READING
Simple(Complete)
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး