Ep22

7K 525 20
                                    

လွန်းသုထက် အဝတ်အစားတွေ သေချာထည့်ပြီးတာနဲ့
အိပ်ပျော်နေတယ့် မောင့်ကိုပါ အဝတ်အစားလဲပေးလိုက်သည်။

ဆေးအရှိန်နဲ့ အိပ်ပျော်နေတယ့်မောင်က
တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်
မောင်ရယ့် နေ့ရက်တွေအကုန် အေးချမ်းစေရမယ်

လွန်းသုထက်လည်း ရေချိုးခန်းထဲဝင်ကာ
လည်ပင်းကဒဏ်ရာကို ဆေးထည့်ရန်
လုပ်ရသည်။

အရင်လိုဆို ပေပေတေတေနေပစ်လိုက်မှာ မှန်ပေမယ့် ခုကြောင်ဆိုးလေးက
ဒီဒဏ်ရာကို မြင်ရင် စိတ်မကောင်းဖြစ်နေဦးမယ်မလား
အရက်ပြန်နဲ့သန့်ပြီး ဆေးသေချာထည့်ကာ
အနာကပ်ပလာဆတာပါကပ်ထားလိုက်ပြီး

ဗီရိုထဲက  အင်္ကျီလက်ရှည် မိုးပြာရောင်လေးနဲ့ ဘောင်းဘီကော်ဖီရောင်လေးကို တွဲဝတ်လိုက်သည်။

"အွန်း မောင်တော့ ကမ်းခြေရောက်ရင်
ပျော်နေတော့မှာဘဲ"

Time skip

မျက်နှာပေါ်ကျရောက်နေတယ့် နေရောင်ချည်စူးစူးကြောင့်
ရိုင်းဧကရာဇ် အလိုမကျ နိုးလာတော့သည်။

နိုးလာတာနဲ့ ဘေးဘီဝဲရာကို ကြည့်ရင်း
ကို့ကို မတွေ့တာကြောင့်
ကြောက်ရွံ့စိတ်ကထိန်းမရ
မနေ့က ကိုကိုတစ်ခုခုများဖြစ်သွားတာလား

"ကိုကိုရေ ကိုကို"

ရေချိုးခန်းထဲကနေ ထွက်လာတယ့် ကိုကို့ကို တွေ့တာနဲ့ တင်းကျပ်စွာ ဆွဲဖက်ထားလိုက်သည်။

"ကိုကို ဘယ်တွေရောက်နေတာလဲ
မောင်အရမ်း စိတ်ပူနေတာ"

လွန်းသုထက် မောင့်ရယ့်
မျက်နှာပေါ် လက်ကလေးတင်ကာ
မျက်ရည်ဝဲနေတယ့် မောင်မျက်ဝန်းအဆုံကို စိုက်ကြည့်ရင်း

"မောင်ရယ် စိတ်မပူပါနဲ့
ကိုယ် မောင့်အနားက ဘယ်မှ မသွားပါဘူး'

ရယ်ကာ ပြောနေတယ့် ကိုကိုမျက်နှာကို
ရိုင်းဧကရာဇ်
မြတ်နိုးစွာကြည့်ရင်း
ရင်ခွင်ထဲသို့ ထပ်မံဖက်ထားကာ
စိတ်ထဲက စိုးရိမ်မှုကို ဖြေဖျောက်နေမိသည်။

"မောင်ရယ် ကိုယ့်ကြောင့်မောင် အရမ်းစိုးရိမ်နေရသလိုဘဲ"

Simple(Complete)Where stories live. Discover now