Ep23

6.3K 568 6
                                    

လွန်းသုထက် ဒီနေ့ ဆူပုတ်စွာ နိုးလာရပါပြီ။

လူကို လိုက်ကပ်နေတယ့် ကြောင်ဆိုးလေးက ခုလည်း အိပ်နေတုန်း နောက်ကနေ တဖွဖွနမ်းနေတာ လူကအိပ်မရတော့

"မောင်... အိပ်ချင်တယ်ကွာ ၅မိနစ်လောက်"

"အိပ်လေ ကိုကိုရယ့်
ကိုကိုက အိပ် မောင်ကနမ်းမယ်"

လုပ်ချင်ရာလုပ်ဆိုပြီး အိပ်နေပြန်တော့လည်း လည်ပင်းကို ခနခနလာကိုက်နေတယ့် အဆိုးလေးကြောင့် လူက တင်းလာပြီ
ရားးးးး အိပ်ချင်တယ်လို့ ကြောင်စုတ်လေးရယ်

စိတ်ရှိတိုင်းသာဆို ရင်ခွင်ထဲထည့်ဖိထားလိုက်ပြီ
လူကောင်သေးနေတော့လည်း ခက်သား
ဟူးစ်

"မောင် အဆိုးလေးရယ်
ကိုယ့်ကို အိပ်မရအောင် လုပ်နေတာဘဲ"

လွန်းသုထက် မောသ့်ဘက်ကို လှည့်ကာ မောင့်ကို ဆူသလိုလေးပြောလိုက်တော့
ပါးလေးနဲ့ တိုးဝှေ့လာပြီး ချွဲတယ့် မောသ်ကြောင့် လွန်းမှာ ရယ်ချင်တာထိန်းမရ

မောင်ကတော့

"ဟားဟား မောင်ရယ် ဘယ်လိုလေးလဲကွာ"

"ကိုကိုကလည်းဗျာ မောင်က ကိုကို့ကို ချစ်လို့ ကပ်နေတာကို အဲ့လို ရယ်စရာလား"

လွန်းသုထက် သူ့ရင်ဘက်ပေါ် ခေါင်းလေးလာတင်ကာ နှုတ်ခမ်းကိုသာ ပေါက်ထွက်မတက်စိုက်ကြည့်နေတယ့် မောင်ကြောင့် သေချာပေါက် ပါးလေးနှစ်ဖက်က ပန်းရောင်သန်းနေမှာ အမှန်

"မောင် ..မောင် အဲ့လိုကြီး စိုက်ကြည့်မနေနဲ့လေ"

"မောင် အရမ်း နမ်းချင်တာဘဲ "

ိရိုင်းဧကရာဇ် ကိုကိုပေါ်ကနေ အုပ်မိုးကာ
လက်နှစ်ဖက်ကိုပါ ဘေးကို ကပ်ထားလိုက်တော့ အလန့်တကြားကြည့်လာတယ့် ကိုကိုက
အသည်းယားစရာ

"မောင် ဖယ်ပေးလေ
မနက်စာစားရအောင်နော် ကိုယ်ဗိုက်ဆာနေပြီ"

"ကိုကိုကလည်း မောင်ခနလေး နမ်းချင်တယ် "

မျက်နှာငယ်လေးနဲ့ တောင်းဆိုလာတယ့် ကောင်ဆိုးလေးကြောင့် ဘာဖြေရမှန်းမသိချိန်မှာပင်

Simple(Complete)Where stories live. Discover now