🤍 အပိုင်း 1 🤍

21.7K 376 9
                                    

ချစ်ခြင်းရိပ်မြုံ

🤍 အပိုင်း 1 🤍

မေမေ ခိုင်းထားသည့် ကိစ္စတစ်ခု သွားလုပ်ပြီး အပြန်လမ်းတစ်၀က်အရောက်တွင် သူမောင်းလာသော ကားက ရုတ်တရက် ထိုးရပ်သွားတာကြောင့် ၀ဠာ စိတ်ညစ်ညစ်နဲ့ ခေါင်းကို ကုတ်လိုက်မိသည်။

"ကားက အကောင်းကြီးကနေ ဘာထဖြစ်ရပြန်တာလဲကွာ..... "

ကားပေါ်မှ ဆင်းကာ ရှေ့စက်ဖုံးကို ဖွင့်
ကြည့်​တော့လဲ သူက ကားပဲမောင်းတတ်တာမို့ ဘာမှ နားမလည်ပါ။

စိတ်အိုက်အိုက်နဲ့ပဲ ၀ဠာ ပတ်၀န်းကျင်ကို အကူအညီတောင်းရန် ဘေးဘီကို ကြည့်နေတုန်းမှာပဲ လူတစ်ယောက်က အသည်းအသန် ပြေးလာပြီး သူ့နား ရောက်တော့ သူ့ဆီကို ပိုက်ဆံအိတ် တစ်အိတ်ကို ပစ်ပေးကာ ထွက်ပြေးသွားသည်။

သူကလဲ အယောင်ယောင်အမှားမှားဖြင့်
ထိုပိုက်ဆံအိတ်ကို ပိုက်မိရက်သား။

လက်ထဲက ပိုက်ဆံအိတ်ကို ကြည့်ပြီး တစ်ယောက်ထဲ ကြောင်တောင်တောင် ဖြစ်နေတုန်းမှာပဲ ဆယ်ယောက်လောက်ရှိသည့် လူအုပ်ကြီးက လက်ထဲမှာလဲ တုတ်တွေကိုင်ထားကြပြီး သူ့ကိုကြည့်ကာ ဟိုမှာ ပိုက်ဆံအိတ်လုသွားတဲ့ကောင် ဆိုပြီး လက်ညှိုးထိုးကာ ပြေးလာကြတာမို့ ၀ဠာကြောင်သွားရသည်။

ဘာမှ လိုက်မမှီနိုင်တဲ့ အချိန်မှာပဲ ထိုလူအုပ်ထဲမှ တစ်ယောက်ရဲ့ လက်ချက်ဖြင့်ပင် ခွပ်ခနဲ ဆိုတဲ့ အသံနဲ့အတူ ၀ဠာ ခေါင်းတစ်ခုလုံး ထူပူသွားရပြီး စေးကပ်ကပ် အရည်တွေ နဖူးပေါ်စီးကျလာသည်။

ခေါင်းတော့ကွဲသွားပြီဆိုတဲ့ အသိနဲ့ ခုဏ ပူခနဲဖြစ်သွားတဲ့ နေရာကို လက်နဲ့ စမ်းပြီးကြည့်လိုက်တော့ လက်မှာပေနေတဲ့ သွေးတွေက ရဲရဲတောက်။

"ဟဲ့ဟဲ့နေကြပါဦး .... ဒီကောင်လေးက ပိုက်ဆံအိတ်လုပြေးတဲ့သူ မဟုတ်ဘူးဟဲ့....ဪ လက်လွန်ခြေလွန်တော့ ဖြစ်ကုန်တော့မှာပဲ ....ဒီကောင်လေးက သူ့ဟာသူ ကားပေါ်ကနေ ဆင်းလာတာ .... အဲ့တာကို ဟိုပိုက်ဆံအိတ်လုသွားတဲ့ကောင်က သူ့ဆီ အိတ်ကို ပစ်ပေးသွားတာ .... "

ဖြစ်စဥ် အကုန်လုံးကိုမြင်ခဲ့တဲ့ မလှမ်းမကမ်းမှ ကွမ်းယာဆိုင်တွင်ရှိနေသော မိန်းမကြီးက ၀င်ပြီး ဖြေရှင်းပေးမှ လူအုပ်ကြီးရဲ့ ဒေါသ အရှိန်က ကျသွားသည်။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now