မသိမသာ ခေါင်းငုံ့ကာ ဘေးရှိ ခုံလေးတွင် ဝင်ထိုင်လိုက်မိသည်။

"ဘယ်လိုလဲ ဖေဖေ နေသာရဲ့လား။”

သူ မေးတော့ ဖေဖေက ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်သည်။

"အင်း...
လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ငါ့ခန္ဓာကိုယ်ထဲကို ခွဲစိတ်ကိရိယာတွေ ဝင်ချည်ထွက်ချည် ဖြစ်ခဲ့ပါလားဆိုတာကို မတွေးနေရင်တော့ တော်တော်လေး အဆင်ပြေပါတယ်။”

ခန့်ညားရှိန် ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်​ကာ ထိန်းလိုက်ရသည်။

ဖေဖေကတော့လေ ဒီလောက် ဖြစ်နေတာတောင် နောက်နေနိုင်သေးတယ်။

အခြေအနေတွေက ပုံမှန်လို ခံစားမိနေပြီးကာမှ...

ရုတ်တရက် ထိုင်းမှိုင်းကာ စိတ်ထဲ ကျင်ခနဲ ဖြစ်သွားမိသည်။

ထိုအကြောင်းအရာကို သူ ဘယ်လို စကား စ ရမယ်မှန်းပင် မသိ။

ဒီအခြေအနေမှာရော ပြောသင့်ရဲ့လား...
ဖေဖေက ကျန်းမာရေးက ခုတောင် စောင့်ကြည့်နေရတုန်း...
ပတ်တီး အဖွေးသားနဲ့ အသံတောင် မနည်း ထုတ်နေရတဲ့ အချိန်မှာ ငါက ဒီ စကားတွေ ပြောဖို့သင့်ရဲ့လား...

ဒါပေမဲ့လည်း...

မနေ့ညက စိုးရိမ်ခဲ့ရသည်ကို မျက်စိထဲ ပြန်မြင်လာချိန်မှာတော့ သူ ရင်တစ်ခုလုံး လှိုက်ခနဲ ဖြစ်သွားရသည်။

ဟုတ်တယ်...အခွင့်အရေး ရှိနေတုန်းမှ...

"သား...
ဖေဖေက....”

"ကျွန်တော် ဖေဖေ့ကို ချစ်တယ်။”

ခန့်ညားရှိန် ဖြတ်ပြောလိုက်တော့ ဖေဖေက ကြောင်ကာ ကြည့်​ေနသည်။

သူ ပင့်သက်ရှိုက်ကာ ဆေးသွင်းထားသော လက်တစ်ဖက်ကို ဖွဖွ ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော် တကယ် ဖေဖေ့ကို ချစ်ပါတယ်။
အဖေအ
ကျွန်တော့်ဟာ ကျွန်တော် အမှန်တရားကို လက်ခံရမှာ အရမ်း လန့်ပြီး ကြောက်ကန် ကန်နေမိတာ။
ငါ စောစောများ ကြိုသိခဲ့ရင် တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလားဆိုပြီး အရူးတွေး,တွေးမိတာ။
ကျွန်တော် အဲ့လို မိုက်ရူးရဲဆန်ခဲ့မိလို့လည်း ဖေဖေကို ခုလို....”

OH...My Beloved BadassWhere stories live. Discover now