" MLFAC " - Chapter - 1

1.1K 26 4
                                    

( နေသာပြီး သာယာတဲ့မနက်ခင်းတစ်ခင်း..... 1.6.2021 )

အသက် ၂၁ နှစ်အရွယ် " Bee " ဆိုသည့် ခပ်သေး" ခပ်သွက်" ကောင်မလေးတစ်ယောက်နိုင်ငံရပ်ခြားသို့ ခရီးတစ်ခုထွက်ရန်အချိန်ကျလာပြီ...

ခရီးမသွားခင်တစ်ရက်အလိုတွင် အိပ်မက်ဆိုးများ ထိပ်လန့်ခြောက်ခြားဖွယ်မက်၏။

အိပ်မက်မှာ သွေးများအလူလူပေပွလျက် အမှောင်ထဲတွင် ကမ်းမမြင် လမ်းမမြင်ပြေးလာစဉ် ကြီးမားကျယ်ပြန့်၍အေးစက်တည်ငြိမ်သော နောက်ကျောပြင်တစ်ခုအား ဝင်တိုက်မိသည်။ ထိုနောက်ကျောပိုင်ရှင်မှ ‌ဖြည်းဖြည်းချင်းလှည့်ကြည့်ခဲ့ရာ ကျောပြင်ပိုင်ရှင်၏မျက်ဝန်းတစ်စုံနှင့် Bee ၏ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းငယ်တစ်စုံတို့ စုံမိလေသည်။ နောက်ကျောမှာ ရေခဲပမာအေးစက်သော်လည်း မျက်ဝန်းများမှာမူ နွေးထွေးမှုအလီလီကို ဖော်ပြနေသည်။

ထို့နောက် Bee မှာ ရှူးရှူးရှဲရှဲ မြည်လောက်အောင် အသက်ရှူနှုန်းမြန်ဆန်၍ ကြောက်မက်နေသောမျက်ဝန်းတစ်စုံဖြင့် ဝုန်းခနဲ နိုးလာခဲ့သည်။ ဤအိပ်မက်မှာ မည်သည့်နည်းဖြင့်မျှ ကောင်းသောမက်ခြင်းမဟုတ်သည်ကို Bee ကောင်းစွာနားလည်သည်။

" ဘုရားရေ... ငါဘယ်လိုအိပ်မက်တွေမက်နေပါလိမ့်... အိပ်မက်လည်းမကောင်းဘူး၊ ခရီးသွားခါနီးလာခါနီး ဘယ်လိုနိမိတ်ဆိုးလာမက်နေမှန်းမသိဘူး "

ဟုစိတ်ထဲတွင်ရေရွတ်မိပြီး လန့်ဖျာနေသော မျက်လုံးတစ်စုံသည် နာရီတစ်လုံးထံသို့ ဦးတည်သွားခဲ့ရာ မနက် ၅:၄၇ အချိန်ဖြစ်နေပြီ... အိပ်ရေးကိုလွန်စွာနှစ်ခြိုက်သော Bee တစ်ယောက် ဆက်မအိပ်နိုင်တော့ဘဲ ရေမိုးချိုးပြင်ဆင်ခြယ်သ၍ မနက်ဖြန်သွားရမည့် ခရီးအတွက် အိပ်မက်ကြောင့် စိတ်ထင့်ကာ ကားဖြင့်တစ်နေရာသို့မောင်းထွက်လာခဲ့သည်။ ထိုနေရာကား ဘုန်းကြီးကျောင်းပင်တည်း။

Bee သည် ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်သည်။ လတစ်လတွင် နှစ်ကြိမ်ခန့် ဘုရားကျောင်းကန်သို့ မရောက်ရောက်အောင်သွား၍ ကောင်းမှုကုသိုလ်ပြုတတ်သော ဘာသာတရားကိုင်းရှိုင်းသည့် ခေတ်လူငယ်တစ်ယောက်ဖြစ်သည်။ ယခုမှာလည်း သူသည် မိုးလင်းခါနီး၌မက်ခဲ့သည့်အိပ်မက်ကြောင့် မိမိကိုးကွယ်ရာ ဘုန်းကြီးတစ်ပါးထံ လာ၍ ကောင်းမှုပြုကာ ဘုန်းကြီးထံမှ ပရိတ်ကြိုးလေးတောင်း၍ အန္တရာယ်ကင်းစေရန် လည်ပင်း၌ ချည်ဆွဲထားခဲ့သည်။

My Love From Another CountryTahanan ng mga kuwento. Tumuklas ngayon