" MLFAC " - Chapter - 9

89 9 0
                                    

" ဪဪဪ... Ace.. Ace.. ချင်းမိုင်သွားတာတောင် ငါတို့အတွက် လက်ဆောင်မပါဘူး "

" P'Wan က P'Ace ဆီက လက်ဆောင်လိုချင်လို့လား "

ဟု Bee ကမျက်လုံးအကြည့်မှာ အဓိပ္ပါယ်များစွာပါ၍ ပြုံးစိစိလုပ်ကာ မေးလိုက်၏...

" သူငယ်ချင်းထဲက ခရီးအပြန်လက်ဆောင်လိုချင်တာ ဘာဆန်းလို့လဲ... နေပါဦး N'Bee က Ace ကိုသိလို့လား "

" အွန်......... မသိပါဘူး P'Ace ဆိုတာက P'Wan ကိုကြိုက်နေတဲ့ကောင်မလေးဆိုတာ
Bee မသိပါဘူး "

" ဟာ...ဟေ့ဟေ့ ငါနဲ့ N'Kan စကားပြောနေတာကို မင်းကြားတယ်ပေါ့....
ဟုတ်ပါတယ် Ace က ငါ့ကိုကြိုက်နေတာ ဒါမဲ့ ငါက သူ့ကို သူငယ်ချင်းထပ်မပိုဘူး၊ ငါသူ့ကို သူငယ်ချင်းထပ်မပိုတာကိုလည်း သူသိတယ်၊သူငါ့ကိုတကယ်ကြိုက်တာလည်း ဟုတ်ချင်မှဟုတ်မှာပါ... သူ့စိတ်ကမှန်းမရဘူးရယ်... "

" P'Wan လိုလူမျိုးကို တကယ်မကြိုက်ဘူးဆိုတာဖြစ်နိုင်လို့လား၊ P'Wan ကို မိန်းကလေးဘက်က စကြိုက်တယ်ဆိုတာလဲ မလွန်ပါဘူး.....
P'Wan က မိန်းကလေးတွေစိတ်ကူးထဲက
ယောက်ျားလေးပုံစံပဲ‌ဟာ... "

" ဒီမှာ Bee... P'Wan ကို‌မြှောက်မပြောလဲ P'Wan က မင်းကို အိမ်မှာဆက်ထားမှာပါ....
မင်းကိစ္စကို ကူညီပေးမှာပါ....
ပုံမှန်တိုင်းနေ... "

ဟု Wan က စ လိုက်ရာ Bee သည် ရယ်ရင်း ခပ်လှန်းလှန်းတွင် ဆိုင်ရှင်အန်တီကြီးမှ Wan ကို အံ့ဩပြီး စိုက်ကြည့်နေကိုမြင်သွား၍ Wan အား လက်တို့ပြီးပြလိုက်မှ Wan က ဆိုင်ရှင်အန်တီအား လှန်ရယ်ပြလိုက်သည်။

     ထိုခါ ဆိုင်ရှင်အန်တီကြီး အနားရောက်လာ၍

" စာရေးဆရာကောင်လေး စာတွေကြည့်
နေ့ရောညရောရေးမနေနဲ့ဦး... နားနားနေနေလေးနေဦး "

ဟုကပ်တိုးလေးပြော၍ ထွက်သွားသည်။ ထိုအခါ Wan ကိုကြည့်၍ Bee သည် ခွက်ထိုးခွက်လှန်ရယ်သည်။ Wan မှာ သူ့အားရယ်နေသော်လည်း စိတ်မဆိုးသည့်အပြင် Bee ရယ်နေသည်ကို ကွပ်တီယိုစားရင်း ပြုံးကြည့်နေလေသည်။

     အချိန်အတော်အတန့်အကြာ Wan ညစာစားပြီးချိန်တွင် အိမ်သို့ ပြန်လာခဲ့ကြသည်။

My Love From Another CountryWhere stories live. Discover now