" MLFAC " - Chapter - 10

93 9 1
                                    

ညနေ ၅ နာရီခန့်လောက်တွင် Wan သည် ရေးလက်စစာ အဆုံးသတ်ပြီဖြစ်၍ သူငယ်ချင်း Bar ၏ စာတိုက်သို့ စာမူလာပေးမည်ဖြစ်သည်။ ဒီတစ်ပတ်လုံးလုံး အပြင်သို့
အတော်အတန့်မထွက်ဘဲ အခန်းတွင်းအောင်းစာရေးခဲ့သည်ဟု ပြောလို့ရသည်။ ထို့ကြောင့် စာတိုက်သို့ စာမူပို့‌ပြီးလျှင် ညဘက်အပြင်ထွက်ပြီး လေညှင်းခံရန် စိတ်အားထက်သန်နေသည်။

     Wan အပြင်သွားရာနောက် Bee အမြဲပါ၍
ယခုလည်း စာမူအပ်၊ ညဘက်လေညှင်းခံသည့် အစီစဉ်ထိပါ Bee ပါနေဦးမည်။

     Wan သည် Bar ၏ စာအုပ်တိုက်သို့စာမူသွားအပ်အပြီး ညစာစားရန် စာသောက်ဆိုင်တစ်ခုမှ ခေါက်ဆွဲကြော်ဝယ်ခဲ့သည်။
ကမ်းနားလမ်းဘက်တစ်နေရာသို့ မောင်းထွက်လာခဲ့သည်...
အကြောင်းမှာ... လူရှင်းရှင်း‌နေရာ၌ အေးဆေးဆေးဆေး လေညှင်းခံ အညောင်းအညာဖြေ အနားယူနိုင်ရန်ဖြစ်သည်...

မြစ်ကမ်းနားစပ်သို့ရောက်ပြီ....

Wan သည် ကားပေါ်တွင် ခေါက်ဆွဲကြော်စားနေစဉ် ဖုန်းဝင်လာသည်။ ဝင်လာသောဖုန်းမှာ
အဖွားNuk ဆီကဖြစ်၍ ဒီတစ်ပတ် စနေ၊
တနင်းဂနွေတွင် အဖွားရှိရာ ချင်းမိုင်သို့လာခဲ့မည်ဟု ကတိပေးထားပြီးသားဖြစ်သည်ကို Wan တစ်ယောက် ခုမှ သတိရသွားသည်။

" Hello... ဖွားNuk နေကောင်းလားခဗျ "

" ဖွားနေကောင်းပါတယ်... မင်းမ‌နက်ဖြန်လာဖြစ်တယ်မလား... ဖွားစောင့်နေတယ်နော်... "

Wan မှာလည်း ဒီတစ်ပတ် အဖွားဆီသွားရဦးမည်ကိုမေ့၍ Bee အား စနေ၊ တနင်းဂနွေ
၂ ရက်သာ ကူညီပေးမည် ဟု ပြောထားပြီးသားဖြစ်နေလေ၍ အကျပ်ရိုက်နေသည်။
သို့သော် မတတ်နိုင်ချေ....

" ဟုတ်... လာဖြစ်တယ် အဖွား... မနက်ဖြန်မနက်လာမယ်နော်...
ဒီတစ်ခေါက်တော့ လေယာဉ်နဲ့မလာတော့ဘူး ကားနဲ့လာခဲ့မယ်နော် ကားနဲ့ ဝေးဝေးမသွားဖြစ်တာကြာလို့ပါ... "

ဟု အဖွားနှင့်စကား နဲနဲကြာကြာပြောပြီး ဖုန်းချလိုက်သည်။

Wan သည် Bee ကိုမျက်နှာပူသော အကြည့်ဖြင့်ကြည့်ကာ စကားပြောမထွက်ဖြစ်နေလေသည်။ သို့သော် အကျိုးအကြောင်းပြောရမည်မှာ အသေချာပင်‌ဖြစ်သည်...
Wan ၏မျက်လုံးများသည် Bee အား မကြည့်ဝံ့၍ အားနာနာနှင့်ပင်...

My Love From Another CountryWhere stories live. Discover now