" MLFAC " - Chapter - 4

153 12 2
                                    

     ထိုအချိန်တွင်... ဖုန်းတစ်ကောဝင်လာသည်။ ထိုဖုန်းမှာ " ချင်းမိုင်‌ " တွင်နေထိုင်သော Wan ၏ အချစ်ဆုံးအဖွား " Nuk "  ဖြစ်၏။

" မြေး... ဘာလုပ်နေလဲ... ဒီနေ့ ဘန်ကောက်မှာ မိုးရွာလား... "

ဖွားNuk မှ မြေးအား လွမ်းနေပြီဖြစ်၍ အကြောင်းမရှိအကြောင်းရှာ ဖုန်းခေါ်သည်ကို သိသော Wan တစ်ယောက်ပြုံးလျက်....

" ဖွား... သားကိုလွမ်းနေတာလား.... အခုရက်ပိုင်းအလုပ်များနေလို့ ဖွားကိုလာမတွေ့ဖြစ်တာပါ... ဒါမဲ့ ရေးလက်စစာကိုလက်စသတ်ပြီး ဒီ‌တစ်ပတ် စနေနေ့ဖွားဆီလာခဲ့မယ် ၂ ရက်လောက်နေပြီးရင်တော့ပြန်ရမယ်.... ဖွားနေကောင်းရဲ့လား ထမင်းပုံမှန်စားနော် ဒီမှာတော့ ဒီနေ့မိုးရွာတယ် သည်းကြီးမည်းကြီးကို ရွာနေတာခဗျ "

ဟု ချွဲပစ်နေသောအသံလေးဖြင့် Wan တစ်ယောက် ဖွားNuk ကိုအလွမ်းသယ်နေလေရဲ့...

" ဒီတစ်ပတ်လာမယ်ဆိုတော့ကောင်းသားပဲ... ဒါနဲ့ အခုမိုးရွာနေတာဆိုတော့ ကားမောင်းရင်သေချာမောင်းနော်....  "

" ကားပါမလာဘူးအဖွားရဲ့ တက္ကစီနဲ့ပြန်ရမှာ "

" ဒါဆို မိုးမိဦးမယ်... ဂရုစိုက်နော် Wan "

" ဟုတ်ကဲ့ပါခဗျ.... Wan အခု ကွန်ဒိုကိုပြန်တော့မှာ မိုးလေးဆဲတုန်း အမြန်ပြန်ရမှာ "

" ‌ကောင်းပါပြီ.... ဒါဆို ဒါပဲနော် အိမ်ကိုကောင်း‌ကောင်းပြန်... မင်းညီလေး Kan ကိုလည်း ဂရုစိုက်နော်... သူ့ကိုလည်း ဖွားဆီခေါ်လာခဲ့ပါဦး... ဖွား ဟင်းကို မင်းတို့အကြိုက်ချက်ထားမယ် "

ဖွားNuk စကားအဆုံးတွင် Wan က

" ဟုတ်ကဲ့ပါခဗျ "

ဆိုသည့် စကားလုံးအလှလေးဖြင့် ဖုန်းကို အဆုံးသတ်လိုက်သည်။ 

     ဖွားNuk သတိပေးလိုက်မှ ညီလေး N'Kan ကိုသတိရသွားပြီး

" ဒီကောင် ဘယ်တွေများရောက်ပြီး ဘာတွေများ လုပ်နေပါလိမ့် "

ဟု ပါးစပ်မှ တစ်ကိုယ်ကြားစာလောက် ရေရွတ်မိပြီး N'Kan ဆီဖုန်းခေါ်ဦးမှပါလေ ဆိုသည့်အသိဖြင့် N'Kan အားဖုန်းခေါ်လိုက်သည်။

My Love From Another CountryWhere stories live. Discover now