" MLFAC " - Chapter - 5

142 10 1
                                    

     တုန်ရီနေသောလက်မှာ Bee ပုခုံးပေါ်သို့ရောက်လာပြီး

" မကြောက်ပါနဲ့ P'Wan ရှိတယ်နော် "

ဟုစကားသံထွက်လာသည်။ ဤစကားမှာ တခြားသူအဖို့ သာမန်မျှ ဖြစ်သော်လည်း Bee အတွက်တော့ ဧရာမအားကိုးစရာဟု ထင်မိနေသည်။ Wan တစ်ယောက် Bee အား လမ်းမထက်၌တစ်ယောက်ထဲ မထားရက်နိုင်ခဲ့၍ ကွန်ဒိုသို့ ခေါ်လာ‌သည်။

     ကွန်ဒိုသို့ရောက်လျှင် Bee မှာ သာမန်လူသားမိန်းကလေးတစ်ဦးမဟုတ်၍ Wan သည် သူနဲ့ခဏတာနေချင်လျှင်၊ ဘယ်ကိုသွားရမလဲ မသိဖြစ်နေသေးလျှင် သူ့ကွန်ဒို၌ နေနိုင်ကြောင်းခွင့်ပြုလိုက်သည်။ထို့နောက် သူ့နာမည်သည် " Wan " ဖြစ်ကြောင်း၊ သူသည် စာရေးဆရာဖြစ်ကြောင်း၊ ဒီကွန်ဒိုမှာ သူတစ်ယောက်ထဲနေကြောင်း၊ တခါတရံမျှသာ ညီဖြစ်သူ N'Kan လာရှုပ်ကြောင်း Bee အား ဝမ်းနည်း‌နေသည့်အာရုံမှ လွှဲနိုင်ရန်သူ့အ‌ကြောင်းစကားစမြည် ပြောပြသော်လည်း
Bee မှာတော့ မျက်နှာမှိုင်ဖြင့်သာ Wan ပြောသမျှကိုနားထောင်နေသည်။

     Bee အဖို့ အချိန်ခဏပေးရုံဖြင့် ဝမ်းနည်းမပြေနိုင်ကြောင်း Wan သိ၍ ဘာစကားမှဆက်မပြောစေဘဲ Bee အား ဧည့်ခန်းထဲရှိ ဆိုဖာ ပေါ်တွင် အနားယူစေသည်။ Wan လည်း သူ့အခန်းသူပြန်၍ အနားယူတော့မည်။

     သို့သော် Wan စိတ်ထဲတွင် မတင်မကျဖြစ်နေသည်မှာ အဘယ်ကြောင့် သူတစ်ယောက်ထဲသာ Bee အား မြင်နိုင်ထိနိုင်ရသလဲ ဟု မေးခွန်းများ ကိုယ့်ကိုကိုယ် ထပ်ခါထပ်ခါ မေးနေသည်။ သို့သော် Wan စဉ်းစားမရခဲ့ပါ။

     ခဏအကြာ‌တွင် Wan ရေချိုး၊ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းဝင်ရန် အင်းကျီ ချွတ်ရာတွင် အိတ်ထောင်ထဲရှိ လက်ပတ် လေးအား စမ်းမိ၍ ထုတ်လိုက်သည်။ Wan တစ်ယောက် အကြောင်းအရာကို စပ်ဆက်စဉ်းစားမိရာ သူကောက်ရထားသော လက်ပတ် " BEE " နှင့် သူ့စီ ရောက်နေသော
ဝိညာဉ်မလေး Bee မှာ စပ်ဆက်မှုရှိကြောင်းသိသွားသည်။

     ထိုအကြောင်းကို Bee အားပြောပြရန် Bee ရှိရာ ဧည့်ခန်းထဲသို့ အပြေးသွားလိုက်ရာ ဆိုဖာပေါ်တွင် ပင်ပန်းနွမ်းနယ်သဖြင့် အားရပါးရ အိပ်မောကျနေဟန် နှင့် အပြစ်ကင်းသည့် ကလေးအလား အိပ်နေသော Bee အားမြင်လိုက်ရသည်။ Wan လည်း Bee ကို မနှိုးတော့ဘဲ အိပ်မောကျနေမှုကို သနားစိတ်ဖြင့် ကြည့်နေလိုက်တော့သည်။

My Love From Another CountryWhere stories live. Discover now