" MLFAC " - Chapter - 7

114 12 2
                                    

" ချလောက် "

Wan ကွန်ဒိုအခန်း(အိမ်) တံခါးဖွင့်သံ....

မုန့်ထုတ်များ၊ အိတ်ထုတ်များမှာ လက်နှစ်ဖက်အပြည့်၊ မနိုင်မနင်းဖြင့် အိတ်ကပ်ထဲမှဖုန်းထုတ်နေသော N'Kan မှာ

"ဟာ.... P'Wan ဘာလုပ်နေတာလဲ... အကြာကြီးပဲ တစ်ယောက်ထဲမူးလဲနေပြီလားတောင်ထင်ရတယ်.... အခု P'Wan ကိုဖုန်းခေါ်တော့မလို့....
ပြီးတော့ ညနက်ထိစာရေးတဲ့အကျင့်ကိုလည်းဖျောက်ပါဦး ကြာရင် ကျန်းမာရေးထိခိုက်ဦးမယ်.... အခုလည်း ညကစောစောမအိပ်ထားဘူးထင်တယ် ခုမနက်ကျ မရွှင်မလန်းနဲ့ ကြည့်ဦး ကြည့်ဦး.... "

ဟု အကိုဖြစ်သူ Wan အား ဆူပူလိုက်သည်
Wan မှာ သက်ပြင်းတစ်ချက်ချ၍

" ဘာကိစ္စရှိလို့လဲ အစောကြီးပဲ လက်ထဲမှာလည်း ပစ္စည်းပစ္စယျာ အပြည့်နဲ့ ဘာလာရှုပ်တာလဲ "

အိမ်(တိုက်ခန်း)တံခါးပေါက်ကိုပိတ်ရပ်ကာ လမ်းဖယ်မပေးဘဲ မေးလေသည်။ အိမ်ထဲဝင်ပြီး ကြာကြာနေမှာ စိုးရိမ်နေခြင်းဖြစ်သည်။
ထိုခါတွင် Kan မှ

" ဘာကိစ္စမှမရှိပါဘူး.... မနေ့က P'Wan ဖုန်းဆက်လို့ သတိရပြီးလာချင်တာရယ်၊ အမေက ဒီနေ့မနက် ကြက်ဥပူတင်းလုပ်လို့ P'Wan ကိုသွားပေးခိုင်းလို့ လာပေးတာ ၊ အကို မအားဘူးထင်လို့ အမေက ကျွန်တော့်ကို အကို့အတွက်လာပေးခိုင်တာပါခဗျ... ပြီးတော့ P'Wan ကွန်ဒိုမှာ ကုန်နေလောက်ပြီထင်တဲ့ ပစ္စည်းတွေ အမေက ဝယ်ထည့်ပေးလိုက်တယ်ခဗျ... "

" ဪ... အေးအေး ကျေးဇူးပဲ မင်းပြန်တော့မယ်မလား ပြန်တော့လေ "

" ဟာ... ဘယ်လိုကြောင့် ပြန်လွှတ်နေတာလဲ အထဲမှာ ဘယ်သူရှိလို့လဲ ဟမ်.... နေဦး... တံခါးလာဖွင့်တာလည်း ကြာနေတယ်ဆိုတော့ အိပ်ချင်မူးတူးဖြစ်နေလို့မဟုတ်ဘဲ တစ်ယောက်ယောက်ကို ဖွက်နေလို့ကြာနေတာလား ဟမ်.... ဟမ်.... ဟမ်.... "

ဆိုပြီး မျက်နှာပြုံးစပ်စပ်ဖြင့် Wan ကိုကျော်၍ အထဲကို ကျော်ကြည့်လိုက်သည်။

" ဘယ်သူမှမရှိပါဘူး ကဲပါ ပြန်မှာဖြင့်ပြန်တော့ "

" ဟာ... ဘယ်လိုဖြစ်လို့ အတင်းပြန်လွှတ်နေပါလိမ့် အိမ်ထဲမဝင်ခိုင်းတော့ဘူးလား.... "

My Love From Another CountryTempat cerita menjadi hidup. Temukan sekarang